ကွန်ပျူတာ နှင့်ဆိုင်သော အခြေခံ သိထားသင့်သည့် အချက်အလက်များ

ကျွန်တော် ဒီနေ့ မှ ဒီ ဆိုဒ်လေးကိုစပြီးလုပ်ဖြစ်တာဖြစ်ပါတယ်--ကျွန်တော်တို့ အနေနဲ့  ကွန်ပျူတာကို အသုံး ပြုနေသူတိုင်း  ကွန်ပျူတာတစ်လုံးမှာ သိထားသင့်တဲ့ အချက်အလက် လေးတွေကို ဘယ်လိုသိအောင် လုပ်ရ မယ်ဆိုတာကို သိထားသင့်ပါတယ် .. ကွန်ပျူတာ ကိုသုံးနေပြီ ဆိုရင်တော့ မိမိသုံးတဲ့ ကွန်ပျူတာနဲ့ ပါတ်သတ် ပြီး Processor ကဘာအမျိုးအစားလည်း ၊ RUM ကဘယ်လောက်လည်း ၊ Motherboard ကဘာအမျိုးအစား လည်း ဆိုတာတွေကို မဖြစ်မနေ သိထားသင့်ပါတယ် ..  အခုကျွန်တော်ပြောတဲ့ အချက်အလက်လေးတွေကို အလွယ်တကူ သိနိုင်ဖို့အတွက် နည်းလမ်းလေးနဲ့ သိသင့်တာလေးတွေကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 
 
အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ ..... အဲဒါတွေ လုပ်ပြီးတဲ့ ချိန်မှာ ခုလို ပုံစံလေးပေါ်လာပါမယ်..
 
အပေါ်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင် ကျွန်တော် 1 ၊ 2 ၊ 3 ဆိုပြီးတော့ နံပါတ်တွေ တပ်ထားတာကို တွေ့ရပါလိမ့်မယ် .. ကျွန်တော် နံပါတ်တစ်ခုချင်း ရှင်းပြသွားပါမယ် ..

နံပါတ် ( ၁ ) မှာ ကျွန်တော်တို့က ဘာကို သိနိုင်လည်း ဆိုတော့ မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Windows အမျိုးအစားကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. မိမိတင်ထားတဲ့ Windows က Windows 7 တော့ Windows 7 ပဲ ၊ ဒါပေမယ့် Home Basic လား Profes sional လား Ultimate လား တစ်ခြားပြန်ပြီးတော့ မွမ်းမံ ထားတဲ့ Windows အမျိုးအစားတွေလား ဆိုတာ ကို သိနိုင်မှာဖြစ်ပါတယ် .. ပုံမှာဆိုရင် ကျွန်တော့်စက် အစုတ်လေးမှာ တင်ထားတာ က Windows 7 Ultimate ပါ..

နံပါတ် ( ၂ ) မှာတော့ ကျွန်တော့် ကွန်ပျူတာ အစုတ်လေးနဲ့ ပါတ်သတ်တဲ့ Hardware ပိုင်းတွေအဖြစ် Processor နဲ့ Memory ( RUM ) ကိုဖော်ပြေပေးမှာဖြစ်ပါတယ် .. 
 

Professor  မှာတော့ ကျွန်တော့် Professor အမျိုးအစားက Intel ( R ) Core(TM)2 Duo ဖြစ်ပါတယ် .. Processor Speed ကတော့ 2.80 GHz  ဖြစ်ပါတယ် .. တစ်ချို့တွေ ပြောနေတာတွေ ကြားဖူးပါလိမ့်မယ် .. 
ငါ့ကွန်ပျူတာကတော့ i-5 ကွာ Processor Speed က 3.20 လို့ပြောတာတွေ ကြားဖူးမှာပါ .. သူတို့ ပြောနေတာ အခုကျွန်တော် ပြောပြနေတာတွေပဲဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာက Processor Speed ဆိုတာ CPU ရဲ့ Performance ပါပဲ .. ဒီကောင်လေးကို Clock Speed နဲ့တိုင်းပါတယ် .. 2.80 GHz ဆိုတဲ့ Clock Speed ဆိုတာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Processor ရဲ့ အမြန်ဆုံးလုပ်နိုင်တဲ့ Speed ပဲဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Processor ဟာ 2.80 GHz ဆိုတဲ့ Speed အတွင်းမှာပဲ အလုပ်လုပ်လို့ ရမှာ ဖြစ်ပါတယ် .. အဲ့ဒီထက်ပိုပြီး အလုပ်လုပ်မယ်ဆိုရင် Processor ဟာ အပူတွေအရမ်း များပြီး ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ် .. ဒါက Internal Speed ပါ ။ External Speed ဖြစ်တဲ့ L1 Cache တို့ L2 Cache တို့ကျန်ပါသေးတယ် 
 
Install Memory ( RUM ) ဆိုတာကတော့ မိမိတို့ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Memory ပမာဏကို ဖော်ပြ ပေးမှာ ဖြစ်ပါတယ်..  တကယ်လို့ တစ်ယောက်ယောက်က မေးလို့ မင်းစက်က RUM က ဘယ်လောက်လည်း မေးရင် အခုပြောပြတဲ့ အတိုင်း ကြည်ပြီး ငါ့စက်မှာတော့ Rum 2 GB ရှိတယ်ကွာ ဆိုပြီး ဖြေလို့ ရမှာ ဖြစ်ပါ တယ် .. 
 
 System Type ကဘာကို ဆိုလိုတာလည်းဆိုတော့ ကျွန်တ်ာတို့ ကွန်ပျူတာမှာ အသုံးပြု နေတဲ့ Windows အမျိုးအစားကို ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ 32 Bits တင်ထားတဲ့ သူတွေဆိုရင် 32 Bits  Operating System ဆိုပြီး ပေါ်နေမှာပါ  .. ဒါကတော့ 32 Bits နဲ့ 64 Bits အလွယ်တကူ ခွဲလို့ရတဲ့ နည်းလမ်းလေးပါ ..

နံပါတ် ( ၃ ) မှာတော့ ကျွန်တော့်တို့ ကွန်ပျူတာနဲမှာတင်ထားတဲ့  Windows  activated   ဖြစ်မဖြစ်ကို ဖော်ပြပေးတာဖြစ်ပါတယ်--ကျွန်တော့်စက်အစုတ်လေးမှာ တင်ထားတဲ့ Window ကတော့ activatedဖြစ်တဲ့အတွက်ကြောင့် ပုံမှာ တွေ၇သလိုပေါ်နေတာဖြစ်ပါတယ်....  
 
ကျွန်တော်အပေါ်မှာ ဖော်ပြခဲ့တာတွေ လောက်ဆိုရင်တော့ တစ်ယောက်ယောက်က မေးခဲ့ရင် အခုလက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ Processor က Intel ( R ) Core(TM)2 Duo , Processor Speed က 2.80 GHz ၊ Memory က 2 GB ၊ ပြီးရင်တင်ထားတဲ့ Windows ကလည်း Windows 7  Ultimate ဆိုပြီး အလွယ်တကူ ပြောပြနိုင်မှာ ဖြစ်ပါတယ် ..

0 မှတ်ချက်များ for "ကွန်ပျူတာ နှင့်ဆိုင်သော အခြေခံ သိထားသင့်သည့် အချက်အလက်များ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++