အိပ္ခ်္အုိင္ဗြီ/ေ အအိုင်ဒီအက်စ် လူနာများအတွက် အကူအညီလိုအပ်
မေ
(၁၄)ရက်၊ ၂၀၁၂။ ဒီဗွီဘီ (နေသွင်)
ရန်ကုန်မြို့က ဆင်ခြေဖုံးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်ထားတဲ့ အိပ်ခ်ျအိုင်ဗွီ /အေအိုင်ဒီအက်စ် ကူညီစောင့်ရှောက်ရေးဂေဟာတွေမှာ လာရောက်ခိုလှုံသူ လူနာအရေအတွက်တွေ အလျင်အမြန် တိုးလာနေတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဂေဟာတွေရဲ့ တာဝန်ခံ မဖြူဖြူသင်းက ပြောပါတယ်။
ရန်ကုန်မြို့က ဆင်ခြေဖုံးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်ထားတဲ့ အိပ်ခ်ျအိုင်ဗွီ /အေအိုင်ဒီအက်စ် ကူညီစောင့်ရှောက်ရေးဂေဟာတွေမှာ လာရောက်ခိုလှုံသူ လူနာအရေအတွက်တွေ အလျင်အမြန် တိုးလာနေတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဂေဟာတွေရဲ့ တာဝန်ခံ မဖြူဖြူသင်းက ပြောပါတယ်။
တောင်ဒဂုံ၊
မြောက်ဒဂုံ၊ တောင်ဥက္ကလာ တို့မှာ ဖွင့်ထားတဲ့ လူနာဂေဟာတွေမှာ တနှစ်ကျော် ကာလအတွင်း
လူနာ အရေအတွက် ၃ ဆလောက် တိုးများ လာတာကြောင့် သူတို့ အတွက် ဆေးဝါး ရရှိရေး သာမက၊
နေထိုင်ရေးအတွက်ပါ အခက်အခဲ ရှိလာတယ်လို့ မဖြူဖြူသင်းက ပြောပါတယ်။
“လူနာအသစ်တွေကလည်း
ပိုပိုပြီး များလာတယ်။ လူနာဦးရေ နဲ့ နေစရာ နေရာက အခက်အခဲ အရမ်းဖြစ် တယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတုန်းက လူနာတွေဆီကို
လာပြီး အားပေးခဲ့တာ ရှိတယ်။ အဲ့တုန်းက ကျမတို့ အယောက် ၈၀ လောက်ကိုပဲ
ကူညီပေးထားနိုင်ခဲ့တယ်။ အန်တီ လာသွားပြီး နောက်ပိုင်းမှာ မြန်မာပြည်ထဲက
လူတော်တော်များများ သိလာကြတယ်။ သိလာပြီးတော့ ၂၀၁၁ မှာဆို လူ ၂၀၀ လောက်
ဖြစ်သွားတယ်။ အခု ၂၀၁၂ လည်းကျရော ၃၀၀ ဖြစ်သွားတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည်တွေအတွက် ကယ်ဆယ်ရေး အစီအစဉ်တွေကို
လွန်ခဲ့တဲ့ ၁၀ နှစ်က တည်းက စတင်ခဲ့တာပါ။ ဒီလူနာဂေဟာတွေကို လွန်ခဲ့တဲ့
နှစ်တွေအတွင်းက အာဏာပိုင်တွေက ဖိအားမျိုးစုံပေးတာကြောင့် ၂၀၁၀ အထိ ၂၅ နေရာ ကို
ပြောင်းရွှေ့ခဲ့ရတယ်လို့ မဖြူဖြူသင်းက ပြောပါတယ်။ ဒါပေမယ့်
အဲဒီနှစ်တွေအတွင်းမှာပဲ တသီးပုဂ္ဂလ အလှူရှင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတချို့ဆီက
ရတဲ့ ငွေကြေး နဲ့ ဆေးဝါး အထောက်အပံ့နဲ့ အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့
လူနာပေါင်း ၅ သောင်းကျော် ကို ဆေးဝါး အကူ အညီတွေ ပေးနိုင်ခဲ့တယ် လို့ ဆိုပါတယ်။
“လူနာအသစ်ရောက်လာပြီဆို
ကျမတို့နေဖို့ အကူအညီပေးတယ်။ စားရေးသောက်ရေးအတွက် တာဝန်ယူပေးရတယ်။ နောက်တခုက
ဆေးဝါးပေါ့။ အန်ဂျီအိုတွေဆီက ဆက်သွယ်ပြီး ရတာက ART ဆေးဝါးကို အဓိကထားပြီး
ယူတာပေါ့။ တခြား တီဘီအပါအ၀င် တခြားဆေးဝါးတွေ ကို ပေးနိုင်အောင် ကြိုးစားထားတယ်။
နောက် တခါတလကျရင် ကျမတို့ဆီရောက်တဲ့ လူနာတွေက မိသားစုကလည်း စွန့်ပစ်လိုက်တယ်။
တချို့ဆိုရင်လည်း မိသားစုတွေ လိုက်မလာနိုင်တာများတယ်။
တယောက်တည်းသမားတွေများတယ်။
ဆေးရုံတင်မယ်ဆို ဆေးရုံတင်တဲ့ စရိတ်တွေကအစ တာဝန်ယူပေးရတယ်။ အခုနောက်ပိုင်းဆိုရင်
ပြည်သူတွေက ဘယ်လောက်အထိ ခက်ခဲလာလဲဆိုရင် ဒီကိုရောက်ပြီးပြီဆိုရင် သူတို့မှာ
ပြန်ဖို့လမ်းစရိတ်မရှိတော့ဘူး။ ကျန်းမာရေးကောင်းသွားပြီ ဆိုရင်လည်း
ပြန်နိုင်ဖို့အင်အားမရှိတော့ဘူး။ တချို့လာချင်တယ်၊ ဆေးပြန်လာထုတ်ရမယ် ၃
လတကြိမ်လာဖို့ဆိုရင်လည်း သူတို့မှာ လမ်းစရိတ်မရှိတာတွေ ဘာတွေရှိတယ်။ အဲ့ကျ သူတို့
လှမ်း အကြောင်းကြားရင်လည်း တခါ သူတို့ကို ပြန်ခေါ်ယူရတာမျိုးလည်းရှိတော့
ကျမတို့တတ်နိုင်သလောက် လူနာတွေနဲ့ ပတ်သက်ပြီးတော့ အတတ်နိုင်ဆုံးတော့
စီစဉ်ပေးထားတာပေါ့။”
အခုနောက်ပိုင်းမှာ
အာဏာပိုင်တွေဘက်က အရင်လို ဖိအားပေးတာတွေ မရှိတော့တာ တိုးတက်လာတယ် လို့
ဆိုနိုင်ပေမယ့် အစိုးရပိုင်းက အကူအညီပေးဖို့ လိုအပ်နေတယ်လို့ မဖြူဖြူသင်းက
ပြောပါတယ်။
“အဓိကကတော့
အစိုးရပါမှ ဖြစ်မှာပါ။ တကယ့် တကယ် အန်ဂျီအိုတွေက လုပ်မယ်။
အကုန်လုံးလုပ်မယ်ဆိုရင်တောင်မှ၊ အန်ဂျီအိုတွေက သပ်သပ်လုပ်၊ အန်အယ်လ်ဒီတွေက
သပ်သပ်လုပ်၊ သူ သပ်သပ်လုပ်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ အားလုံးပူးပေါင်းပြီး
တနိုင်ငံလုံး အတိုင်းအတာ နဲ့ ပညာပေးရေးအပိုင်းရော၊ ဆေးဝါးရရှိမှု အပိုင်းရော
လုပ်ပေးနိုင်မယ်ဆိုမှ ဒါကို ထိန်းချုပ်လို့ ရမှာပါ။
တယောက်က လုပ်နေမယ်၊ တယောက်က
ထိုင်နေမယ် ဆိုရင် မဖြစ်ပါဘူး။ အစိုးရပိုင်းကလည်း အလွန်ကို အရေးကြီးပါတယ်။ တကယ်ကို
တက်တက်ကြွကြနဲ့ လုပ်လာမှပဲ၊ လုပ်လည်း လုပ်ရမယ်။
လုပ်နေတဲ့သူတွေကိုလည်း
အားပေးမယ်ဆိုရင် ဒီရောဂါကို ထိန်းချုပ်သွား နိုင်မှာပါ။”
မြန်မာပြည်မှာ
အစိုးရကိန်းဂဏန်းအရ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အိပ်ခ်ျအိုင်ဗွီ /အေအိုင်ဒီအက်စ်
ပိုး ရှိတဲ့ ဝေဒနာရှင် ၂ သိန်း ၄ သောင်းရှိနေပြီး၊ အဲဒီထဲက တ၀က်လောက်ဟာ
အရေးပေါ် ဆေးဝါး လိုအပ်နေတယ်လို့ ရန်ကုန်က ဆရာဝန်တွေကို ကိုးကားပြီး ဂါးဒီယန်းသတင်း
မှာ ပြီးခဲ့တပတ်က ဖော်ပြထားပါတယ်။
၂၀၁၀
ခုနှစ်က ခန့်မှန်းခြေ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေထဲက
၃ သောင်း လောက်ပဲ ART ဆေးဝါးကို ရကြတယ်လို့ ဆိုပါတယ်။ ဝေဒနာရှင် တယောက်အတွက် တလကို
အမေရိကန်ဒေါ်လာ ၃၀ ခန့် (၃ သောင်း) ၀န်းကျင် ကုန်ကျမယ့် ART ဆေးဖိုးကို
မြန်မာပြည်လို နိုင်ငံမှာ လူတိုင်းဝယ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ နယ်ခြားမဲ့
ဆရာဝန်များအဖွဲ့ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။


0 မှတ်ချက်များ for "အိပ်ခ်ျအိုင်ဗွီ/ေ အအိုင်ဒီအက်စ် လူနာများအတွက် အကူအညီလိုအပ်"