အမျိုးသား ရင်ကြားစေ့ရေးနှင့် တိုင်းပြည်ထူထောင်ရေး အတွက် ကျောင်းဆရာများ အဓိက ကျဟု EI ပြောကြား

"ဒီအိုင်ဗရီကို့စ်တိုင်းပြည်မှာလွန်ခဲ့တဲ့လ အနည်း ငယ် က ဖြစ်ပွားခဲ့တဲ့ ၀မ်းနည်းကြေ ကွဲဖွယ်ရာ သွေး စွန်းဖြစ် ရပ် နောက်ပိုင်းဒီညီလာခံ ဟာ ပြန်လည် ထူထောင်ရေး ညီလာခံပါပဲ။

တတိုင်းပြည်လုံး ငြိမ်းချမ်း ရေးအ တွက် နိုင်ငံရေး ဆန္ဒရှိမှု က အဓိကဖြစ် တယ်။ ကျောင်းဆရာ ဆရာမများအနေနဲ့ မိမိတို့ ကျောင်း သားလူငယ်တွေကို ဒီမိုကရေစီ စံတန် ဖိုးတွေရယ်၊ ငြိမ်းချမ်းရေး ကို လေးစားဖို့ရယ် သင်ကြားေ ပးရမယ့် တာဝန်ရှိပါတယ်။ " နိုင်ငံတကာ ပညာရေး သမဂ္ဂများအဖွဲ့ချုပ်EI ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Van Leeuwen က ပြောကြားခဲ့သည်။

အိုင်ဗရီကို့စ်နိုင်ငံပညာရေးသမဂ္ဂ၏ ဧပြီလ ပထမအပတ် ၂၀၁၂ တွင် ကျင်းပသော၂၂ ကြိမ်မြောက် ညီလာခံတွင် အမှုဆောင်သစ် များကို ရွေးချယ်ခဲ့သည်။ ပညာရေးသမဂ္ဂက အမျိုးသားရင်ကြား စေ့ရေးနှင့် တိုင်းပြည်ပြန်လည် ထူထောင်ရေးတို့အတွက် ကျောင်း ဆရာများမှာ ပဓါနကျသော နေရာတွင်ရှိကြောင်း အလေးအနက်ထား
ဆွေးနွေးခဲ့ကြသည်။

အာဖရိကဒေသEI တာဝန်ခံ Assibi Napoe နှင့်အတူ Mr. Van Leeuwen တို့ အတူတက်ရောက်ခဲ့ သည်။ သမ ဂ္ဂဖွဲ့စည်းပုံတွင် ဂျန်ဒါကိစ္စများကိုလည်း အလေးထားရန် Ms. Assibi Napoe က တောင်း ဆိုခဲ့သည်။ "နိုင်ငံတ ကာပညာရေးအသိုင်းအ၀ိုင်းရဲ့ သွေးစည်းညီညွတ်မှုဟာ EI ရဲ့ အဓိက အင်အား ဖြစ်တယ်။လူ့အခွင့်အရေးတွေ မလေးစား၊ မလိုက်နာ မှုတွေအပေါ်မှာ တုံ့ပြန်ကြမယ်" ဟု Mr. vanLeeuwen က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

0 မှတ်ချက်များ for "အမျိုးသား ရင်ကြားစေ့ရေးနှင့် တိုင်းပြည်ထူထောင်ရေး အတွက် ကျောင်းဆရာများ အဓိက ကျဟု EI ပြောကြား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++