ဖရူဆိုမြို့နယ် အတွင်း လေပြင်းတိုက် ခတ်မှုကြောင့် လူနေအိမ်ခြေ များပျက်စီး
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ခုတွင် သင်္ကြန်အကြိုနေ့က လေပြင်း တိုက်ခတ်ခဲ့ မှုကြောင့် ယင်းကျေး ရွာမှ လူနေအိမ်ခြေ ထက်ဝက်
ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါကျေးရွာမှာ လွိုင် ကော်မြို့မှ (၂၇) မိုင်ခန့်ဝေး သည့် ဖရူဆိုမြို့နယ်အတွင်းရှိ မာခရော် ရှေ့ကျေးရွာ အုပ်စု မှ လောကျေခူ ကျေးရွာဖြစ်ပြီး ယင်းနေ့တွင် မိုး သည်းထန်စွာရွာသွန်း မှုနှင့် လေ ပြင်းတိုက်ခတ် ခဲ့မှု
ကြောင့် အိမ်ခြေ ၅၀ ကျော်အနက် ၃၀ ခန့်ပျက်စီး သွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“၁၃ ရက်က တိုက်သွား တာ။ ရွာက လွိုင်ကော်မြို့နဲ့ နည်း နည်းဝေးတော့ ပျက်စီးဆုံးရှုံးမှုအ သေးစိတ်ကို မသိရသေးဘူး။ လူ သေတာတော့ မကြားမိဘူး။ ကြား ထဲမှာ ပိတ်ရက်တွေကလည်း ခံ သွားတော့ အခုမှ သတင်းပို့နေ တုန်းရှိသေးတယ်” ဟုကယား ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး မှဒေါ်ဖြူက ပြောသည်။ လက်ရှိအချိန်တွင် လွိုင်ကော်မြို့နှင့် ကယားပြည်နယ်အ တွင်းရှိ လူမှုရေး အသင်းအဖွဲ့များ၊သာသနာရေး အဖွဲ့များနှင့် ဒေသခံ အင်န်ဂျီအိုများမှ ကူညီ ပေးလျက်ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပျက်စီးဆုံးရှုံးမှု အခြေအနေများ နှင့်ပတ်သက်၍ ကယားပြည်နယ် အုပ်ချုပ်ရေး မှူးရုံးသို့ ဆက်သွယ် ခဲ့ရာ ယင်းအခြေအနေများအား မသိရှိကြောင်း အဆိုပါရုံးမှ ပြည် နယ်လက်ထောက်ညွှန် ကြားရေး မှူးဦးအောင်စိုးမိုးက ပြောသည်။
အဆိုပါလေပြင်းတိုက်ခတ် မှုကြောင့် လက်ရှိအချိန်တွင် လောကျေခူရွာမှာ ရွာသားအချို့ အိုးမဲ့အိမ်မဲ့ဖြစ်နေ ပြီး ကယ်ဆယ် ရေးလုပ်ငန်းများ ထပ်မံလိုအပ် နေသေးကြောင်း သိရှိရသည်။
သင်္ကြန်အကြိုနေ့ ညနေ ၃ နာရီခန့်တွင် ကျရောက်ခဲ့သည့် လေပြင်းမုန်တိုင်းဒဏ်အား မာခ ရော်ရှေ့ကျေးရွာ အုပ်စုမှ အခြား ရွာများလည်း ထိခိုက်ပျက်စီးခဲ့ သော်လည်း လူအသေအပျောက် မရှိကြောင်း စုံစမ်းသိရှိရ သည်။

0 မှတ်ချက်များ for "ဖရူဆိုမြို့နယ် အတွင်း လေပြင်းတိုက် ခတ်မှုကြောင့် လူနေအိမ်ခြေ များပျက်စီး"