ကယန်း အမျိုးသားပါတီ ဟောကြားချက်

 စက်တင်ဘာ (၂၇)၊ ၂၀၁၀။
နအဖ အစိုးရ ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေး
ကောက်ပွဲမှာ ကယန်းအမျိုး သားပါတီက ပြည် နယ်(၃) ပြည် နယ်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှာ ပါတီ ရှိတဲ့(၁၀)စုဖြင့် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမှာ ဖြစ် ပါတယ်။ 

ပြည်နယ်(၃)ပြည်နယ်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်ရှိ ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ်ရှိလွိုင် ကော်မြို့ နယ်နှင့် ဒီမောဆိုမြို့နယ်၊ ကရင်ပြည်နယ်မြောက်ပိုင်းရှိ သံတောင်မြို့နယ်တို့ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံ သမိုင်းကြောင်းအရ ကယန်းတိုင်းရင်းသားဟာ ရှေးပဝေသဏီကတည်းကပင် ဖယ်ခုံမြို့ နယ်၊ ဒီမောဆိုမြို့နယ်၊ သံတောင်မြို့နယ်၊ ပင်လောင်းမြို့နယ်တောင်ပိုင်းနှင့် ရမည်သင်းခရိုင်အရှေ့ ပိုင်း ဒေသတွင်မှာ တစုတစည်းတည်း၊ တဆက်တစပ်တည်း အခြေချနေထိုင်ခဲ့ကြတာဟာ ဒီကနေ့ မျက်မှောက် ခေတ်ကာလအထိ ဖြစ်ပါတယ်။ 

ကယန်းအမျိုးသားပါတီဟာ ဘာကြောင့်ဖွဲ့စည်းတည်ထောင်ခဲ့တာလဲ။ ဘယ်လိုဦးတည် ရည်မှန်း ချက် များရှိကြပါသလဲ။ မည်သို့မည်ပုံ စည်းရုံးလှုပ်ရှားရမလဲဆိုတာ တိုင်းရင်းသားပြည်သူများ အထူးသဖြင့် ကယန်းတိုင်းရင်းသားလူမျိုးများ သိရှိရန် တင်ပြလိုပါတယ်။ 

တိုင်းရင်းသား ပြည်သူများခင်္ဗျား။
ပြည်ထောင်စု မြန်မာနိုင်တော်အတွင်းမှာ ရှေးပဝေသဏီကတည်းက မြေခံ ရေခံအဖြစ် မှီတင်း နေ ထိုင်လာကြတဲ့ တိုင်းရင်းသားလူမျိုးတွေထဲက ကယန်းတိုင်းရင်းသားများဟာ တစ်ခုအပါအ၀င် ဖြစ်တာ ကို အထင်အခြားတွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

အဲဒီလို ကယန်းလူမျိုးတွေဟာ ပြည်ထောင်စုပွား ပင်ယင်းလူမျိုးတစ်ခု ဖြစ်တဲ့အတိုင်း သမိုင်းကြောင်း ကို ပြန်လှန်ကြည့်လျှင် ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နယ်ချဲ့ အင်္ဂလိပ် ရန်သူ တွေကို တွန်းလှန်တိုက်ခိုက်ရာ၌၎င်း၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်တိုက်ပွဲများဝင်ခဲ့ရာ၌၎င်း နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်တွင်းပြည်ပ ရန်ဆွယ်အန္တာရာယ်များ ရင်ဆိုင် တိုက်ခိုက်ရာ၌သော်လည်း ကောင်း အခြားညီအစ်ကိုတိုင်းရင်းသားများနည်းတူ ကျရာအခန်းကဏ္ဍကနေ ထူးချွှန်ပြောင် မြောက်စွာ ဖြင့် ပါဝင်ဆင်နွဲလာခဲ့တာကို မငြင်းသာတဲ့ သာဓကများ များစွာ ရှိခဲ့ပါတယ်။

အလားတူ ရှေ့လျောက်နိုင်ငံတော်၏ အချုပ်အခြာ တည်တဲ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ် ရေးနှင့် တိုင်းပြည်နှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ထိန်းသိမ်းရေးအစရှိတဲ့ နိုင်ငံသား တိုင်း ဆောင်ရွက်ကျင့်သုံးရမည့် မွေးရာပါ လုပ်ငန်းတာဝန်များကိုလည်း အခြားတိုင်းရင်း သားများ ပြည်သူများနည်းတူ ထမ်းရွက်ကြမှာ ဖြစ်ပါတယ်။ 

အဲဒီလို နိုင်ငံတော်နှင့် ပါတ်သက်တဲ့ တိုင်းရေးပြည်မှု အရူ့ရူ့တို့ကို တိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်တဲ့ ကယန်းအမျိုးသားများလည်း ကျရာနေရာမှ ပါဝင်ထမ်းဆောင်ကြောင်း ထင်သာမြင်သာရှိစေရေးအ တွက် ကမ္ဘာပေါ်မှာမြန်မာနိုင်ငံတော် တည်ရှိနေသရွေ့ ကယန်းလူမျိုးလည်း ဒွန်တွဲ ရပ်တည်ရှင်သန်ဖို့ လိုတယ်လို့ မိမိတို့ခံယူကြပါတယ်။ 

ဒါကြောင့် အဲဒီလို ကယန်းတိုင်းရင်းသား လူမျိုးဟာ မြန်မာနိုင်ငံတော်အတွင်းမှာ မြန်မာနိုင်ငံတည်ရှိနေ သရွေ့ ဆက်လက်ရှင်သန်ရေး၊ ကယန်းလူမျိုးများအားလုံး တစုတစည်းတည်းသော စည်းလုံးညီ ညှိတ်မှုအားဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးနှင့်တိုးတက် ရှင်သန်နေတဲ့ ကယန်းအမျိုးသားများ ဟာ ပြည် ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ဓွန့်ရှည်တည်တဲ့ခိုင်မြဲစေရေးအတွက် ကျရာအခန်းကဏ္ဍမှ အုတ်တချ သဲတပွင့် ထင်သာမြင်သာ ထမ်းဆောင်နိုင်ရေးတို့ကို အချုပ်အားဖြင့် ဦးတည်ရည်မှန်ပြီး ကယန်း အမျိုးသားပါတီ တည်ထောင်ရခြင်းဖြစ်ပါတယ်။ 

ဆက်လက်ပြီး ယနေ့ကယန်းအမျိုးသားပါတီ ရည်ရွယ်ချက်နဲ့ နိုင်ငံရေးလုပ်ငန်းစဉ်အချို့ တင်ပြလို ပါတယ်။
ရည်ရွယ်ချက်များ
၁) ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုဓါတ်ကို ခိုင်မြဲစွာ တည်ဆောက်ရန်။
၂)စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား အချင်းချင်း စည်းလုံးညွတ်မှုကို ခိုင်မြဲစွာ တည်ဆောက် ရန်။
၃) အချုပ်အခြားတည်တံ့ခိုင်မြဲရေးအတွက် အခြားသော တိုင်းရင်းသား ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် တို့ဖြစ်ပါတယ်။

 နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်များ
၁) အခြေခံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရေးကို ပြည်သူ လက်ဝယ်သို့ အ ပြည့်အ၀ ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်။
၂) ပြည်တွင်း ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာ ဆောင်ရွက်ရန်။
၃) ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို ဖယ်ဖျက်ပြီး ခေတ်မှီတိုးတက်သည့် အမျိုးသားဝါဒကို ကျင့်သုံး သွားရန်။
၎) ကယန်းဒေသအတွင်း မှီးတင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအားလုံး တန်းတူညီမျှ သော အခွင့်အရး ရရှိရေးအတွက် ဆောင်ရွက်ရန်။
၅) မိမိတို့ပါတီ အခြေခံ မူဝါဒနှင့် ကိုက်ညီသော အခြားပါတီ အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုပြီး ရပ် တည်ရန်။
၆) နိုင်ငံတကာဆက်ဆံရေးတွင် ကမ္ဘာ့နိုင်ငံရေးကို ထိန်းသိမ်းကာကွယ်ရန်နှင့် ဘက်မလိုက်သော နိုင်ငံရေးသော မူဝါဒကို ကျင့်သုံးပြီး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်းရေး မူများကို လက်ကိုင်ထား ကျင့်သုံးသွားရန် တို့ဖြစ်ပါတယ်။

ကယန်းပြည်သူများနှင့် ညီအစ်ကို တိုင်းရင်းသားများ ခင်္ဗျား။
ကျနော်တို့ ကယန်းအမျိုးသားပါတီဟာ နိုင်ငံရေးပါတီးတခု ဖြစ်တည်နည်းတူ ပြည်ထောင်စု အစိုးရနှင့် သော်လည်းကောင်း၊ ပြည်နယ်အစိုးရနှင့် သော်လည်းကောင်း၊ ကယန်းတိုင်းရင်းသားများက တစုတ စည်းတည်း စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စု အရေးအရာများကို တစ်ဒေါက်တစ်နေရာမှ အကျိုး ပြုဖို့သာ ရည်ရွယ်ချင်းဖြစ်ပါတယ်။

အဲဒီလို တစ်စုတစ်စည်းတည်း စည်းလုံးစွာနေထိုင်ရင်း မိမိတို့ကြံမ္မာကို မိမိတို့ဖန်တီးနိုင်ရေးနဲ့ အဓွန့် ရှည်စွာ ရှင်သန်ရပ်တည်နိုင်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုများနှင့် ဥမကွဲသိုက်မ ပျက် အေးအတူပူအမျှ၊ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်းရေးစတဲ့ ရည်မှန်းချက်တွေကို အဓိကထားပြီး ဖွဲ့စည်း တည်ထောင်တဲ့ ပါတီဖြစ်တဲ့အတွက် ကယန်းအမျိုးသားများနှင့် ကယန်းဒေသရှိ ညီအစ်ကို တိုင်းရင်း သားများလည်း ကယန်းအမျိုးသားပါတီကို အသိရှိရှိနဲ့ယုံကြည်ထောက်ခံကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်။  

အထက်က အစီစဉ်ခံတင်ပြခဲ့တဲ့အတိုင်း လာမည့်ရွှေးကောက်ပွဲမှာ ကျနော်တို့ကယန်း အမျိုးသားပါ တီဟာ ကယန်းအမျိုးသား အများစု နေထိုင်ကြတဲ့ ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့ နယ်နှင့် ကယန်းပြည်နယ် ရှိ ဒီမောဆိုမြို့နယ်တို့မှာ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော်၊ ပြည်နယ် လွတ်တော်နှင့် တိုင်း ရင်းသားလူမျိုးကိုယ်စားလှယ် မဲဆန္ဒနယ်မြေများ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမှာဖြစ်သလို လွိုင်ကော် မြို့နယ်မှာ ပြည်နယ် လွတ်တော် (၂)နေရာနှင့် ကရင်ပြည်နယ် သံတောင်မြို့ နယ်မှ ပြည်နယ် လွတ် တော်(၁)နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမြို့နယ်(၄)မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ကြ တဲ့ ကိုယ်စားလှယ် (၁၃)ဦးတို့ရဲ့ အောင်မြင်မှု အလားအလာကတော့ ကျနော်တို့ ကယန်းအမျိုးသား တစ်ရပ်လုံးနှင့် ကယန်းဒေသရှိ တိုင်းရင်းသား ညီအစ်ကိုများ အသိတရားနှင့် အားပေးထောက်ခံမှု အပေါ်မှာ လုံးဝမှီတည်နေပါတယ်။ 

ဒါကြောင့် ကယန်းအမျိုးသားပါတီရဲ့ ကိုယ်စားလှယ်များက အောင် မြင်မှုပန်းတိုင်းကို တက်လှမ်းပြီး ကယန်းလူမျိုးရဲ့အရေးအရာတွေကို ပြည်ထောင်စုအတွင်းမှာ အခြား တိုင်းရင်းသားများနည်းတူ လက်တွေ့ကျကျ ဆောင်ရွက်နိုင်တဲ့ အသီးအပွင့်များ ပေါ်ထွန်းလာရေး အတွက် ကျနော်တို့ကယန်း အမျိုးသားပါတီကို တက်တက်ကြွကြွ အားပေးကြပါလို့ လေးစားစွာဖြင့် တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ် ခင်္ဗျား။

0 မှတ်ချက်များ for "ကယန်း အမျိုးသားပါတီ ဟောကြားချက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++