E-mail ရှိ Data များပျက်ဆီးမှုမှ ကာကွယ်နိုင်မည့်ဆော့ဖ်ဝဲ ထုတ်လုပ်

ရုံးသုံး E-mail များ ပျက်ဆီးခြင်းမှကာကွယ်နိုင်သော ဆော့ဖ်ဝဲ တစ်ခုကို မြန်မာကွန်ပျူတာ ပညာရှင်များ ရေးသားနိုင် ခဲ့ကြောင်းသိရသည်။

ယင်းစနစ်သည် Organization ရှိ e-mail အသုံးပြုသူတိုင်းရဲ့ e-mail များ၏ အ၀င်အထွက်တွေအားလုံးကို မိနစ်ပိုင်း မျှပင် နောက်မကျစေဘဲ real time backup လုပ်ပေးနိုင်သော အဆင့်မြင့် e-mail backup system တစ်ခုဖြစ်ကြောင်း သိရသည်။ အရေးကြီး e-mail များပျက်ဆီးသွားပါက ပြန်ရနိုင် ရန် အကောင်းဆုံး အာမခံချက်ပေးနိုင်မည်ဖြစ်သော စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

စနစ်ကို RTEB System (Real Time E-mail Backup System) ဟုခေါ်ပြီး ၎င်းကိုအသုံးပြုခြင်းဖြင့် e-mail သုံးသူတိုင်း၏ နေ့စဉ်အချက်အလက်များကို backup လုပ်ပေးထားမည်ဖြစ်သည်။ 

စီးပွားရေးလုပ်ငန်း၏ e-mail အ၀င်အထွက်အားလုံးကို daily, monthly, yearly archive အဖြစ် မှတ်တမ်း ထားရှိနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်။ အကြောင်းတစ်စုံတစ်ရာကြောင့် အဝေးတစ်နေရာသို့ရောက်နေပါက မိမိ၏လုပ်ငန်းသုံး e-mail သို့ပို့လိုက်သော mail များကို မိမိ၏ personal email သို့ ယာယီ/အမြဲ Auto Forward လုပ်နိုင်မည်ဖြစ်သည်။ E-mail Backup များကိုသိမ်းဆည်းပါက USB External Hard Disk, network, Access Storage များတွင် လိုသလို ဖြန့်ကျက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ “RTEB System ကိုအသုံးပြုတဲ့ အခါမှာ Attach File များပို့ရာတွင် ပုံမှန်ထက် 50-90% အထိ ပိုမြန်စေနိုင်မှာဖြစ်ပါတယ်။ E-mail အပို့ အယူလုပ်ရာတွင် message မည်မျှပင်များပြီး attach file များနေပါစေ မိနစ်ပိုင်းအတွင်း ပြီးနိုင်မှာဖြစ်ပါတယ်။ 

Internet Connection ပျက်နေစဉ်တွင်လည်း e-mail ပို့နိုင်မှာဖြစ်ပါတယ်။ Internet Connection မကောင်းစဉ်မှာ RTEB System ကပို့လိုက်တဲ့ e-mail တွေကို ယာယီလက်ခံပေးထားပြီး connection ကောင်းတာနဲ့ ချက်ချင်း ပို့ပေးမှာ ဖြစ်ပါတယ်။ 

E-mail receive လုပ်စဉ် Connection ပြတ်သွားပါက ၀င်ပြီးသော e-mail ကိုထပ်ခါတလဲလဲ ပြန်ဝင်စရာ မလိုပါဘူး။ Internet Connection မည်မျှပင်ဆိုးစေကာမူ ထပ်ခါတလဲလဲ Send/receive လုပ်စရာမလိုပါဘူး။ Size ကြီးသော attach file တွေကြောင့် သူ့နောက်မှာရှိနေတဲ့ အရေးကြီး e-mail တွေ အ၀င်နောက်ကျမှုမျိုး မဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်”ဟု PENGUIN MILLENNIUM မှ ဦးဝင်းတိုးကရှင်းပြသည်။ 

စီးပွားရေးလုပ်ငန်းများတွင် e-mail သည်ခေတ်စားလာခြင်းကြောင့် လျှင်မြန်မှုနှုင့် ယုံကြည်စိတ်ချရမှုသည် အလွန်အရေးပါလာသောကြောင့် ယင်းစနစ်သည် အထောက်အကူတစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။

(Internet Journal - MIT)

0 မှတ်ချက်များ for "E-mail ရှိ Data များပျက်ဆီးမှုမှ ကာကွယ်နိုင်မည့်ဆော့ဖ်ဝဲ ထုတ်လုပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++