Pages

January 14, 2018

ကယောလူမျိုးတို့၏ ယဉ်ကျေးမှုစုဆုံရာ “ထေခို”

ဖရူဆိုအနောက်ဘက်ခြမ်းရှိ ထေခိုကျေးရွာတွင် ကယား(ကရင်နီ)လူမျိုးစုဝင်တစ်ခုဖြစ်သော ကယောမျိုးနွယ်စု၏ ရိုးရာဓလေ့ယဉ်ကျေးမှုများကို အဓိကထိန်းသိမ်းထားသည့်ကျေးရွာဖြစ်သည်။

ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကိုလည်း ကျေးရွာရှိပြခန်းတွင် ပြသထားသည်။ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကယောလူမျိုးစုသာ သီးသီးသန့်သန့်နေထိုင်သည့် ထေခိုကျေးရွာသို့ ၂၀၁၇ အတွင်း ခရီးသွား လာရောက်လည်ပတ်မှု ၃၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

ယခင်က အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့် ထေးခိုကျေးရွာသည် လက်ရှိတွင် နိုင်ငံခြားခရီးသွားဧည်သည်အများအပြား စိတ်ဝင်စားစရာနေရာဖြစ်လာနေပြီဖြစ်သည်။ (ရေးသားသူ - စိုးမြာ) 

No comments:

Post a Comment