ကျွန်တော်တို့တည်းတဲ့ဘုန်းကြီးကျာင်းမှာ
ထမင်းစားချိန်တိုင်းထမင်းစားခန်းရဲ့ပြူတင်းပေါက်နံရံတွေဆီ
လုံခြုံရေးရဲတွေအမြဲစောင့်နေတတ်ကြတယ် ။ ဘာရှိနေလို့လဲမသိလို့မေးကြည့်တော့မှ
ဒီဘက်လာ လာတိုက်တာအဲ့ဘက်ကုလားရွာဘက်ကလို့
လုံခြုံရေးယူထားတဲ့ရဲသားကြီးကလက်ညိုးထိုးပြတယ် ။
တည်းခိုတဲ့ဘုန်ကြီးကျောင်းနဲ့ လက်ညှိုးထိုးပြတဲ့ ကုလားရွာက လမ်းလေးတလမ်းနဲ့
ပုဇွန်ကန်လေးတကန် ပဲခြားတယ် ။လွန်ရောကိုက်တထောင်ပေါ့ ။
ဘုန်းကြီးကျောင်းရဲ့မျက်စောင်းထိုးမှာ နတလ (နယ်စပ်ဒေသ
လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း) ရှိတယ် ။ ကျောင်းမှာ ရဲကင်းတခုရှိပြီး
ရဲကင်းကို ဗိုလ်လေးတယောက် ဦးစီးတယ် ။
ဒီကျောင်းတိုက်မပါသွားတာနဲ့ (နတလ)ကျောင်းက ခလေးနှစ်ရာကျော် မသေကုန်တာ
အဲ့ဒိဗိုလ်လေး သတ္တိရှိလို့ပေါ့ဆိုပြီးဆရာတော်ကမိန့်တော့
ကယ်တင်ရှင်ဗိုလ်လေးဆိုသူကိုကျွန်တော်တို့ ကိုယ်ဝေဋ္ဌုကျော်တို့က
စိတ်ဝင်စားပြီးတွေ့ချင်တာကြာပြီ ။ ဒီနေ့တော့
ကယ်ဆယ်ရေးလမ်းကြောင်း ရှင်းတဲ့အချိန်မှာ ဗိုလ်လေးရဲကင်းဆီကို
လက်ဆောင်မုန့်ထုပ်တွေယူပြီးသွားတွေ့ဖြစ်ကြတယ် ။
၂၅.၈.၂၀၁၇
အဲ့နေ့က ကင်းလှည့်ကားအီတလီယာရွာ (ရပ်ကွက်၅)
ဘက်ဖြတ်အသွားသေနတ်သံတွေကြားရတယ် အနားရွာတွေထဲက
ကုလားတွေညာသံပေးပြီးအော်သံတွေကြားရတယ် ။ မရှေးအနှောင်းပဲ နတလ
ကျောင်းရှေ့ရဲကင်းက သေနတ်ဖောက် နှစ်ချက်ကြားသံကြားရတယ်လို့
ကျောင်းနားကနယ်ခံ တယောက် ကပြောတယ် ။
နတလကျောင်းဘေးကပ်ရပ် ကုလားရွာက ရွာသက်ကယ် လို့ခေါ်တယ် ။ ထိတွေ့မှု့က
အဲ့ရွာဘက် အကြမ်းဖက်သမားနှစ်ယောက် အမှောင်ထဲတွားသွားတက်လာပြီး
ရဲကင်းခြံစည်းရိုးကိုတိတ်တိတ် ဖျက်တာကစတာ ။
ရဲကင်းကတပ်သားနိုးနိုးကြားကြားရှိပြီးလှမ်းအော်တော့ မတ်တပ်ထရပ်တယ် ။
သေနတ်နဲ့ခြောက်လှန့်ပြီး နှစ်ချက်ပြစ်တော့ ရွာတွေက alla waka alla waka
လို့ဝိုင်းအော်ကြပြီး လူအုပ်လိုက်ထွက်လာကြတယ် ။ အထဲက တယောက်က (ပါကစ်စတန်)
လို့တိုင်ပေးရင် ကျန်တဲ့လူတွေက (ဂျီနီဗာ)လို့ ညာသံပေးအော်ကြတယ် ။
ကင်းစခန်းကို လက်လုပ်မိုင်းတွေနဲ့ စပြစ်တော့ စခန်းကပြန်ပြစ်တယ် ။
ကင်းစခန်းကို သေနတ်တွေ နဲ့ဝိုင်းပစ်ပြီး လူလေးရာလောက်
တဖြေးဖြေးညာသံပေးကြွေးကြော်ပြီး အုပ်စုလိုက်တက်လာကြတယ် ။
ကင်းစခန်းက ပြစ်ရင် ပြန်ဆုပ်သွားတယ် လက်လုပ်မိုင်းတွေနဲ့ သေနတ်တွေနဲ့ လှမ်းပြစ်ကြတယ် ညာသံပေးပြီးတချို့ပြေးတက်လာကြတယ် ။
ရဲဘော်တချို့က လူအုပ်လိုက်ကြီးမြင်ပြီး
မိုင်းကွဲသံတွေကြောင့်လန့်လာကြပြီ ဗိုလ်လေးကရဲဘော်တွေ ကိုပြောတယ်
မင်းတို့ဒီကပြေးလဲ ဒီကုလားတွေငါတို့ဘေးဝိုင်းနေတာပဲ ဘယ်ကိုလွတ်မလဲ
ငါတို့လွတ် သွားရင် ဒီခလေးတွေဘယ်လိုကျန်ခဲ့မလဲကျည်ချွေတာပြီးထိမ်းကြ
နောက်ဆုံးတတောင့်တော့ ကိုယ့်အတွက်ချန်ထား ကုလားလက်တော့အသေမခံဘူးဟ
ဆိုပြတ်ပြတ်အမိန့်ပေးတယ် ။
တပ်သားအသစ်တွေပါပေမယ့် စနစ်တကျထိမ်းပြစ်
ကာပြစ်တော့ အကြမ်းဖက်သမားတွေ မတက်လာရဲကြဘူး ။ အဝေးက မိုင်းထုပ်လှမ်းပြစ်
သေနတ်နဲ့ပြစ်ရင်းပဲ အော်နေကြတယ် ။ ဒီလိုနဲ့ပဲ
မနက်မိုးလင်းလေးနာရီကျော်လာခဲ့တယ် ။
၎း၀၀ ကျော်မှာ တပ်ကအကူရောက်လာတော့မှ အကြမ်းဖက်သမားတွေ
နောက်ဘက်ဆုပ်သွားကြတယ် ။ အနီးဝန်းကျင်ကလူအတော်များများပါးစပ်မှာ လူလေးရာကို
ကင်းစခန်းကဆယ်ယောက်လောက်နဲ့ ထိမ်းထားနိုင်ခဲ့တဲ့
ဗိုယ်လေးအကြောင်းအခုထိပြောနေကြတုန်း ချီးကျူးနေကြတုန်းပဲ ။
မောင်တောရောက်တဲ့ရက်ကစပြီး အခုအချိန်အထိ နေ့တိုင်းအဲ့ဒိရဲကင်းကို
အကြမ်းဖက်သမားတွေ လာလာချောင်းပြစ်ကြတုန်းပဲ နီးစပ်ရာအိမ်
မီးရှို့သွားနေတုန်းပဲ ။
ကျွန်တော်တို့လုံခြုံရေးတာဝန်ယူပေးနေတဲ့ ခံစစ်ကင်းစခန်းက ဗိုလ်လေးကျော်စိုးနိုင် ရင်း(၂၅) ကိုမှတ်တမ်းတင်ပါတယ် ။
Credit by - Htwar
No comments:
Post a Comment