Pages

July 15, 2014

KNU အဖွဲ့ဝင်များနှင့် အဆက်အသွယ် မလုပ်ရန် အစိုးရတပ်ဖွဲ့ ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက် ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် KNU နဲ့ဆက်သွယ်မှု မလုပ်ဖို့ ဒေသခံလူထုတွေကို
မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့က ညွန်ကြား ထားခဲ့သလို တပ်စခန်းများ ပြင်ဆင်မွမ်းမံမှု၊ ဆက် သွယ်ရေး လမ်းကြောင်းများ ဖောက်လုပ်နေမှု ပိုမိုလုပ်ဆောင်လာနေတယ်တဲ့အပေါ် ဒေသခံတွေ က စိုးရိမ်နေကြသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ ဒေသခံလူထုကို KNU အဖွဲ့ဝင်များနှင့် အဆက်အသွယ် မပြုလုပ်ရန် အစိုးရ စစ်တပ်ဘက်မှ ယခုလဆန်းပိုင်းက အမိန့်ထုတ်ပြန်ထားသည်ဟု ဒေသခံထံမှ သိရသည်။ 

တနင်္သာရီမြို့နယ်၊ ကော်ဆဲဒေသရှိ လမ်းဆုံလမ်းခွများတွင် အစိုးရတပ်က လမ်းဖောက်၊ စခန်းပြင်၊ တပ် အပြောင်းအလဲများ အဆက်မပြတ်လုပ်တယ်။ အရင်အပစ်အခတ် မရပ်စဲခင် အတိုင်းပါပဲ။ အခြေအနေက ဆိုးလာသလိုပဲ” အမည်မဖော်လိုသူ မိုးတောင်ရွာသား တစ်ဦးကပြောသည်။

ကော့သောင်းအခြေစိုက် မြန်မာအစိုးရလက်နက်ကိုင်တပ်ဖွဲ့ စကခ(၁၃)လက်အောက်ခံ အင်အား (၃၀၀)
ကျော်ရှိ ခမရ(၄၃၂)၊ ခမရ (၅၅၈)နှင့် ခမရ(၅၆၀) တပ်ရင်းများသည် တပ်အပြောင်းအလဲ အကြောင်းပြ ချက်ဖြင့် တနင်္သာရီမြို့နယ်သို့ ယနေ့ ထပ်မံ ရောက်ရှိ လာသည်ဟု နယ်မြေခံ KNLA တပ်ရင်း(၂၀၃)မှ အရာရှိတစ်ဦး က ပြောသည်။ 

မြန်မာအစိုးရလက်နက်ကိုင်တပ်ဖွဲ့၏ စစ်ကွပ်ကဲရေး ဋ္ဌာနချုပ် စကခ(၂၀)၊ စကခ (၁၃)နှင့် စကခ (၈)တို့၏ လက်အောက်ခံ တပ်ရင်းပေါင်း ၅၀နီးပါးတို့က ဘိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ(၄) ဒေသတွင် လာရောက် လှုပ်ရှားနေသည်ဟု သိရသည်။ 

ဇွန်လ ၁၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အစိုးရလက်နက်ကိုင်တပ်ဖွဲ့နှင့် ပစ်ခတ်မှုတွင် KNLA ဘက်မှ
တပ်သား(၁)ဦးကျဆုံး (၁)ဦး ဒဏ်ရာရရှိခဲ့ပြီး နောက်ပစ်ခတ်မှု တခုမှာကတော့ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဘက်က စစ်ကြောင်းမှူး တစ်ယောက် သေဆုံးသွားခဲ့သည်။ 

No comments:

Post a Comment