Pages

July 10, 2014

အစ္စလာမ်မစ် စစ်သွေးကြွတွေ သတ်ခဲ့တယ်လို့ ယူဆရတဲ့ လူသေအလောင်း ၅၀ ကျော်ကို Hillah မြို့အပြင်ဘက်မှာ တွေ့ရှိ

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တောင်ပိုင်းဒေသက မှာ
သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူသေ အလောင်း ၅၀ ကျော်ကို မျက်နှာတွေ အဝတ်စည်းပြီး လက်တွေ ကြိုးတုပ်လျက် အနေအထားတွေနဲ့ တွေ့ ခဲ့ရတယ်လို့ အီရတ် အာဏာပိုင်တွေက ပြော ပါတယ်။

ရှိအိုက်တွေအများစု နေထိုင်ရာ ဟီလာ Hillah မြို့အပြင်ဘက်မှာ အခုလို တွေ့ရတာ ဖြစ်ပါတယ်။

ဆွန်နီ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့  လက်ချက်လို့ ယူဆနေကြပေမယ့် ဒီလူတွေ ဘာအကြောင်းကြောင့် အသတ်ခံခဲ့ရတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အီရတ် ဝန်ကြီးချုပ် မာလီကီကတော့ ကာဒစ်တွေထိန်းချုပ်ထားတဲ့ အာဘီ Irbil နယ်ဟာ ဆွန်နီ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပစ်မှတ် ဖြစ်လာနေတယ်လို့  ပြောဆိုထားပါတယ်။___Ref: BBC

No comments:

Post a Comment