တိုက်ခိုက်မှုများ နှစ်ဖက်စလုံး ရပ်တန့် ကြဖို့ ဟားမားစ်နဲ့ အစ္စရေး ကို နိုင်ငံတကာ တောင်းဆို
ဟားမားစ် စစ်သွေးကြွတို့၏ အခြေကုတ် စစ်စခန်း များကို အစ္စရေးက လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ပြီး စစ်သွေးကြွ တပ်ဖွဲ့ဝင် ၁၂၀ ကျော် သေဆုံး မှုမှာ အရပ်သားများပါဝင်နေတာကြောင့် တိုက်ခိုက်မှုများ ရပ်တန့် ကြဖို့ နှစ်ဖက်စလုံးကို နိုင်ငံတကာက တောင်းဆို လိုက်ပါတယ်။
အစ္စရေးနယ် နမိတ်ဘက်ထဲကို ဒုံးကျည်တွေနဲ့ ဆက်လက်ပစ်ခတ်နေတဲ့ ဟားမားစ် စစ်သွေးကြွ
တွေကို မြေပြင်ထိုးစစ်ဆင်ဖို့ ဂါဇာနယ်စပ်မှာ အစ္စရေးက တပ်သားများ ဖြန့်ကျက် ထားသလို လေကြောင်း နဲ့လည်း ဆက်လက်တိုက်ခိုက်နေတဲ့အတွက် ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းအထိ စစ်သွေးကြွတပ်ဖွဲ့ဝင် ၁၂၀ ကျော် သေဆုံးမှုမှာ အရပ်သားများ ပါဝင်နေ၍ တိုက်ခိုက်မှု များရပ်တန့်ကြဖို့ နိုင်ငံတကာက တောင်းဆို လိုက်တာဖြစ်ပါတယ်။
ဂါဇာဒေသရှိ ဟာမားစ်စစ်သွေးကြွတွေက အစ္စရေးကို အရင်ရန်ပြု ဒုံးကျည်လက်နက်တွေနဲ့ စတင် ပစ်ခတ် ခဲ့၍ အစ္စရေးဘက်ကလည်း ဟားမားစ်တို့၏ အခြေကုတ်စစ်စခန်းများကို လေကြောင်းဖြင့် ပြန်လည်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာမည်သို့ပင် ဖိအားပေးနေပါစေ ဟာမတ်စ် စစ်သွေးကြွတွေအပေါ် ထိုးစစ် တိုက်ခိုက်မှုများ ရပ်တန့်သွားမည် မဟုတ်ဟု ဇူလိုင်လ ၁၁ ရက်နေ့ မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူက အတည်ပြုပြောဆို ပြောကြားလိုက်ပါတယ်။
ဟားမားစ်စစ်သွေးကြွရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးရဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင်ကို ထိမှန်ခဲ့၍ အစ္စရေး အရပ်သားတစ်ဦးနှင့် စစ်မှုထမ်းတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပြီး အစ္စရေးထဲ ပစ်ခတ်လာတဲ့ ဟားမားစ် စစ်သွေးကြွရဲ့ ဒုံးကျည်များအနက် ၆၀၀ ကျော်လောက်ကို အစ္စရေးတားဆီးနိုင်ခဲ့ပါတယ်။
အစ္စရေး ပြည်သူတွေရဲ့ ဘ၀လုံခြုံအတွက် လုပ်သင့်လုပ်ထိုက်တာ ကျနော်တို့ လုပ်ပိုင်ခွင့်ရှိသမျှ လုပ်ဆောင်
နေတာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတကာက ဘယ်လိုဖိအားမျိုးကိုမှလည်း လက်မခံလို့ မရပါဘူး။ ကျနော် တို့ရဲ့ ရည်မှန်းချက်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည်ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။ ကျနော် တို့ရဲ့ ရည်မှန်းချက်အတိုင်း ဖြစ်မြောက်ပြီဆိုရင် ဒီတိုက်ခိုက်မှုတွေကို ရပ်တန့်ပါလိမ့်မယ်လို့ နေတန်ယာဟူ က ပြောပါတယ်။

0 မှတ်ချက်များ for "တိုက်ခိုက်မှုများ နှစ်ဖက်စလုံး ရပ်တန့် ကြဖို့ ဟားမားစ်နဲ့ အစ္စရေး ကို နိုင်ငံတကာ တောင်းဆို"