Pages

July 17, 2014

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်မှာ လူ(၈၉)ဦး သေဆုံး

အာဖဂန်နစ္စတန် အရှေ့ပိုင်းခရိုင် ပက်တီကာမြို့ လူစည်းကားတဲ့ ဈေးထဲမှာ အကြမ်းဖက်သမားတွေ က ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာတဲ့ ကားတစ်စီးကို  ဖောက်ခွဲပစ်လို့ လူ(၈၉)ဦးထက် မနည်း သေဆုံး သွားပါတယ်။

ရဲတွေက ကားဖောက်မယ့် သတင်းရထားလို့ လိုက်လံရှာဖွေနေဆဲမှာဘဲ ပေါက်ကွဲခဲ့တာဖြစ် တယ် လို့ အာဖဂန် ဒုရဲချုပ် နာဆာအာမက် အဗ္ဗဒူရာ ဟင်ဇိုင်းက ပြောပါတယ်။

ဒီဖေါက်ကွဲ တိုက်ခိုက်မှုဟာ တာလီဘန်တွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ အာဖဂန်နစ္စတန် ယူဆနေကြပြီး (၁)နှစ်အတွင်း အာဖဂန်နစ္စတန်မှာ အကြမ်းဖက်ဆုံးသော တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါ တယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ဆိုပြီး  ရှုံ့ချလိုက်ပါတယ်။

No comments:

Post a Comment