ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွားဖြစ်ပွားပြီး ယူရိန်းတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံး

ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေရဲ့ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ယူရိန်းအစိုးရတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံးခဲ့သည်ဟု ယူကရိန်းကာကွယ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။ 

ရုရှားနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ Luhansk ဒေသ က Zelenopillya ရွာကလေးကို သူပုန်တွေက ပစ်မှတ် ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို တွေ့အောင် ရှာပြီး ချေမှုန်းပစ်မယ်၊ ယူကရိန်းစစ်သား တယောက်စီအတွက် သူပုန်တပ်ဖွဲ့ဝင် တစ်ရာနဲ့ ပေးဆပ်ရမယ်လို့ ယူကရိန်း သမ္မတ Petro Poroshenko က ပြောပါတယ်။ 

ဇွန်လကုန်ပိုင်းမှာ ယူကရိန်းအစိုးရက တဖက်သတ် အဆိုပြုထားတဲ့ အပစ်အခတ် ရပ်စဲရေး သက်တမ်း ကုန်သွားသည့်နောက် တိုက်ပွဲပြည်လည် ဖြစ်ပွားလာပြီး သူပုန်တပ်ဖွဲ့တွေရဲ့ အဓိကကျတဲ့ Slovyansk အပါ အ၀င် မြို့အတော်များများကို ယူကရိန်းတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက သူတို့ ဖမ်းဆီးထားတဲ့သူတွေကို မရှုစိမ့် စရာကောင်းလောက်တဲ့ အထိ ညှဉ်းပမ်းနှိပ်စက်နေတဲ့ သက်သေ အထောက်အထားတွေ ရရှိထားတဲ့ အကြောင်း Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောပါတယ်။___Ref: theGuardian

0 မှတ်ချက်များ for "ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွားဖြစ်ပွားပြီး ယူရိန်းတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++