Pages

July 11, 2014

အကြမ်းဖက်သမား ဟားမတ်စ်ကို အစ္စရေးလ် အရှိန်မြင့် တိုက်ခိုက်နေတဲ့အပေါ် ကုလစိုးရိမ်

အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အရှိန်မြင့်ဖြစ် ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ အရှေ့ အလယ်ပိုင်းဒေသအတွင်း ရင်ဆိုင်ရတဲ့ စစ်မက် ကြီးတခု ထပ်မံဖြစ်ပွားတာဖြစ်ပြီး ဒါကို လက်ခံနိုင် ဘူးလို့  မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့မှာ ပြော ပါတယ်။

ကုလအတွင်းရေးမှူးချုပ်ဟာ တနေ့လုံးလိုလို နိုင်ငံ့
ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းဆက်ပြီး ဒီဒေသက အရေးအခင်းကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းရှာနေပါတယ်။


အစ္စရေးလ်ရဲ့ ရန်လိုနေမှု အပေါ် ဆွေးနွေးဖို့ ကြာသပတေးနေ့မှာ အရေးပေါ် လုံခြုံရေးကောင်စီ အစည်း အဝေးခေါ်ယူဖို့  အာရပ်နိုင်ငံတွေရဲ့ သံအမတ်ကြီးတွေပါဝင်တဲ့ အုပ်စုက စီစဉ်နေကြပါတယ်။

ဟားမတ်စ် စစ်သွေးကြွတွေကလည်း အစ္စရေးလ်နိုင်ငံ အတွင်းပိုင်းကို ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ခတ်နေ သလို အစ္စရေးလ်စစ်လေယာဉ်တွေကလည်း ဂါဇာကိုဖြတ်ပြီး ပါလက်စတိုင်း စစ်သွေးကြွပစ်မှတ်တွေကို ဗုဒ္ဓဟူးနေ့မှာ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။ 

ဂါဇာမှာ အနည်းဆုံး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင် တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

အစ္စရေးလ်ဘက်ကတော့ အသေအပျောက် မရှိဘူးလို့ ပြောပေမဲ့ အစ္စရေးလ်ရဲ့ အဓိက စီးပွားရေး အချက် အခြာနေရာမှာ လေကြောင်း တိုက်ခိုက်မှု အချက်ပေး ဥသြသံတွေ ကြားနေရပါတယ်။ 

အစ္စရေးလ်နိုင်ငံအတွင်း ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေမှုကို ရပ်တန့်သွားဖို့အတွက်  အစ္စရေးလ် စစ်တပ်က တိုက်ခိုက်မှု အရှိန်ကို တိုးမြှင့်လိုက်ပါတယ်။

အစ္စရေးလ်နိုင်ငံထဲကို ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို ခွင့်မပြုနိုင်ဘူး၊ ဟားမတ်စ်အဖွဲ့အနေနဲ့ သူတို့ရဲ့ တိုက်ခိုက်မှုတွေအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့လည်း အစ္စရေးလ် ၀န်ကြီးချုပ်ကပြော ပါတယ်။

No comments:

Post a Comment