Pages

May 4, 2014

ယူခရိန်းမှာ ခွဲထွက်ရေး ဖမ်းဆီးထားရတဲ့ OSCE အဖွဲ့ဝင်တွေ ပြန်လွတ်လာ

မတည်မငြိမ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို သွားရောက်လေ့လာရင်း Slovyansk မြို့မှာ ဖမ်းဆီး ခံထားရတဲ့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင် ရွက်ရေး OSCE အဖွဲ့ဝင်တွေကို ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေက  ပြန်လွှတ်ပေးလိုက် ပါတယ်။
Austria နိုင်ငံ Vienna မြို့အခြေစိုက် OSCE အဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဂျာမန်တွေ ဦးဆောင်တဲ့ လေ့ လာစောင့် ကြည့်ရေးအဖွဲ့ဟာ Russia ဘာသာစကား
ပြောတဲ့ ယူကရိန်း အရှေ့နဲ့တောင်ပိုင်းက လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သွားရောက်လေ့ လာနေစဉ် အဖမ်းခံ ခဲ့ရတာဖြစ်ပါတယ်။

သီတင်းတပတ်ကျော်အကြာကတည်းက အဖမ်းခံရတဲ့ နိုင်ငံတကာ လေ့လာသူ ၇ ယောက်တို့နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ယူကရိန်း ၅ ယောက်ကို ခွဲထွက်ရေးသမားတွေက ဒီကနေ့ စနေနေ့မှာ ပြန် လွှတ်ပေး ခဲ့တာပါ။  

ရုရှား၊ ယူကရိန်း အမေရိကန်နဲ့ EU ဥရောပသမဂ္ဂတို့ကြား Geneva မှာ ရရှိခဲ့တဲ့ သဘောတူညီချက်အရ  သွားရောက်လေ့လာနေကြတာဖြစ်ပါတယ်။ 

No comments:

Post a Comment