ဧရာဝတီတိုင်း ပန်းတနော် - ပြည်သူတို့နှင့် KNU တွေ့ဆုံ
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် အပါအ၀င် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ပဒိုစောသမိန်ထွန်း၊ ပဒိုစောလှထွန်း နဲ့ အဖွဲ့ဟာ မေ ၁ ရက်နေ့က ဧရာဝတီတိုင်း ပန်းတနော်မြို့ က ပြည်သူ လူထုတွေနဲ့ တွေ့ဆုံ
ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကရင်ပါတီတွေအပြင် အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ အပါအ၀င် လူပေါင်း ၁၀၀ ကျော်တက် ရောက်ခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ လက်ရှိ ကရင်အမျိုးသားအစည်းအရုံးက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိက ရှင်းပြပြီး ချပြခဲ့တာ ဖြစ်တယ်လို့ ပန်းတနော်မြို့က မန်းညွန့်သိန်းက ပြောပါတယ်။
ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ဟာ ဧပြီ ၃၀ ရက်နေ့ကစပြီး မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကရင်လူထုတွေကို တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေ တာ ဖြစ်ပါတယ်။___ဒီဗွီဘီ

0 မှတ်ချက်များ for "ဧရာဝတီတိုင်း ပန်းတနော် - ပြည်သူတို့နှင့် KNU တွေ့ဆုံ"