Pages

May 9, 2014

အသည်းကင်ဆာနဲ့ သေဆုံးသွားတဲ့ တင်းနစ်မယ် Elena Baltacha

အသည်းကင်ဆာရောဂါနဲ့ရုန်းကန်ခဲ့ရတဲ့ အသက် ၃၀ အရွယ် ဗြိတိသျှတင်းနစ်မယ် Elena Baltacha ဟာ သူမရဲ့အင်္ဂလန်နိုင်ငံက နေအိမ်မှာ တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ လှပချောမော၊ ပါရမီပြည့်ဝပြီး ရည်ရွယ်ချက်ပြတ်သားတဲ့ Bally ကိုဆုံးရုံးရတဲ့ အတွက် စကားလုံးတွေနဲ့ ဖေါ်မပြနိုင်အောင် ၀မ်းနည်းကြေကွဲ ရပါတယ်။ 

သူမဟာကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့လှုံ့ဆော်မှုကောင်းတဲ့စိတ်ဓာတ်တွေ၊ နွေးထွေး မှုတွေ ကြင်နာမှုတွေနဲ့ လူပေါင်းများစွာကို ထိတွေ့ဆက်ဆံခဲ့ပါတယ်” လို့ အရင်က နည်းပြဖြစ်ခဲ့သူ သူမရဲ့ ခင်ပွန်း Nino Severino ကကြေငြာခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက လက်ထပ်ခဲ့တာဖြစ်ပြီး ဇန်န၀ါရိလမှာတော့ Baltacha တစ်ယောက် ကင်ဆာရောဂါဖြစ်ပွားနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းကစလို့ နာတာရှည်အသည်းရောဂါနဲ့ ပင်မအစဖြစ် အသဲခြောက်ရောဂါတွေကို ခံစားလာခဲ့ရတာပါ။

Baltacha ဟာယူကရိန်းနိုင်ငံမှာမွေးဖွားခဲ့သူဖြစ်ပြီး သူမမိသားစုနဲ့အတူ ၁၉၈၉ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကို
ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ သူမဖခင်ဟာ ကြေးစား ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူမအမေက အိုလံပစ်ပြိုင်ပွဲမှာ pentathlon နဲ့ heptahlon ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ခဲ့ပါတယ်။

Baltacha ဟာ ပြီးခဲ့တဲ့နှစ်က သူမရဲ့အားကစားသမားဘ၀ကနေ အနားယူခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အား ကစားသမားဘ၀အတွင်း တစ်ကိုယ်တော် title ဆုပေါင်း ၁၁ ခုရခဲ့ပြီး ပူးတွဲ title လေးခုရခဲ့ပါတယ်။

No comments:

Post a Comment