Pages

May 5, 2014

စစ်ရှောင်ကချင် ဒုက္ခသည်တွေကို အစိုးရတပ် ဖမ်းဆီး -ခေါ်ဆောင်သွား

ဒုက္ခသည်စခန်း စစ်ဆေးစဉ်။ ဓါတ်ပုံ Namhkai Hka
မြန်မာအစိုးရတပ်က ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်နယ်မြေထဲမှာ ရှိတဲ့ လဂတ်ယန် IDP ဒုက္ခသည်စခန်းကို ၀င်ရောက် စစ်ဆေးပြီး ဒုက္ခသည် ၁၄ ဦးကို ဖမ်ဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာ မြန်မာစစ်တပ်က ဒုက္ခသည် စခန်းကို လာရောက်စစ်ဆေးပါတယ်။ ဒုက္ခသည် စာရင်းထဲမပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသားတွေကိုသာ မန်မာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံ တပ်ရင်းမှ တပ်ဖွဲ့ ဝင် အင်အား (၅၀) ခန့်  က မေလ(၃)ရက်နေ့ နံနက် (၁၀း၃၀) ခန့် မှာ အမျိုးသား(၁၄)ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွား တယ်လို့  ဒုက္ခသည်အရေး ကူညီပေးနေသူ တစ်ယောက်က ပြောပါတယ်။  

အရင်က ဒုက္ခသည် တထောင်ကျော် ရှိပါတယ်။ မိသားစုစားဝတ်နေရးအတွက် အပြင်မှာ အလုပ် သွားလုပ် ကြတဲ့လူတွေ ရှိသလို ဧပြီ ၁၀ရက်နေ့က လဂတ်ယန်ဒုက္ခသည်နဲ့ အနီးမှာ တိုက်ပွဲဖြစ်၍ တခြားနေရာသို့ ထွက်ပြေး တိမ်းရှောင်တဲ့ လူတွေလည်း ရှိတယ်။ စစ်တပ်က ရှောင်တခင်ဝင်ရောက်စစ်ဆေးနေချိန်မှာတော့ လူဦးရေ ၃၈၀ကျော်ပဲ ရှိနေတာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့သူတွေကတော့  (၁) ဦးဖောင်ယမ်ယော်၊ (၂) ဦးဆွမ်ခါ ဘရန်ထွယ်၊ (၃) ဦးလထော် လတောင်၊ (၄) ဦးမဂျီ ဘောက်နော်၊ (၅) ဦးဖောင်ဂျွမ် မရမ်နော်မိုင်၊ (၆) ဦးမရူ လအောင်၊ (ရ) ဦးဝဂျယ် တူးမိုင်း၊ (၈) ဦးရှဒေါင်ဂမ်၊ (၉) မောင်ရှဒေါင် နော်ဂရောင်၊ (၁၀) ဦးမဂျီ ဂမ်၊ (၁၁) ဦးအင်ခွမ် လမိုင်၊ (၁၂) ဦးအာ့ဝမ်၊ (၁၃) ဦးကွမ်ဟွမ်၊ (၁၄) သင်းထောက်ဆရာ ဦးဇိန်ထုန် ခါးထုန် တို့ ဖြစ်တယ်လို့ သိရပါတယ်။ 

မည်သည့်အတွက်ကြောင့် အမျိုးသားတွေကိုဘဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာတော့ အတိအကျ မသိရသေးပေမယ့် ဗမာစစ်တပ် စစ်ကြောင်းထိုးရာ လမ်းကြောင်းတွေမှာ KIA တပ်ဖွဲ့ ဝင်တွေရဲ့  တိုက်ခိုက် ခံနေရ၍ ၄င်းတို့ ၏ လုံခြုံရေးအတွက် ဓားစာခံအဖြစ် အသုံးပြု ရန်ရည်ရွယ် တာ ဖြစ်နိုင်ကြောင်း ဒေသခံ များက သုံးသပ်ပြောကြားသည်။

၂၀၁၁ ခုနှစ်ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒုက္ခသည် ဦးရေဟာ ၈ သောင်းခွဲနဲ့ တစ်သိန်း ကြားမှာ ရှိပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ အမိုးအကာနဲ့ စားစရာတချို့ ကို အကူညီပေးတာ ရှိတယ်လို့ သိရသည်။


No comments:

Post a Comment