ရုရှားလိုလာသူ ခွဲထွက်ရေးသမားနဲ့ ယူကရိန်းအစိုးရတပ်ဖွဲ့ ကြား တိုက်ပွဲ စတင်ဖြစ်ပွား

ယူကရိန်းအရှေ့ပိုင်း ကရိန်းနိုင်ငံ Odessa ဆိပ်ကမ်းမြို့ ကလေးမှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းတပ်ဖွဲ့ တွေကြား တိုက်ပွဲတွေဖြစ်ပွါးနေချိန် မှာ အဆောက်အဦးတခု မီးလောင်ပြီး လူပေါင်း ၃၁ ဦး ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ရဲတွေက ပြော ပါတယ်။
 

ယူကရိန်းအစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ကြေ ညာချက်ထဲမှာတော့ မီးလောင်ကျွမ်းတဲ့ အဆောက်အဦးဟာ အလုပ်သမားသမဂ္ဂ အဆောက်အဦး
ဖြစ်ပြီး ကနဦးထုတ်ပြန်ခဲ့တဲ့ သေဆုံးသူ ၇ ဦးအစား မီးလောင်တဲ့နေရာမှာ အလောင်း ၃၁ လောင်း တွေ့ရှိ ခဲ့ရတယ်လို့ ဆိုပါတယ်။

 

ရုရှားသတင်းဌာန RIA Novosti ကတော့ ရဲ ၁၀ ဦးအပါအဝင် ဒဏ်ရာရသူက ၅၀ လောက်ရှိတယ်လို့ ဖော်ပြ ထားပါတယ်။ 

Odessa မြို့ဟာ အဓိကပင်လယ်နက် ဆိပ်ကမ်းမြို့တမြို့ဖြစ်ပြီး ယူကရိန်း အရှေ့ပိုင်းဒေသက ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေ အကြမ်းဖက် သိမ်းပိုက်ထားတဲ့ နေရာအတော်များများကို ပြန်လည် ရယူနိုင်ခဲ့တဲ့
နေရာလည်း ဖြစ်ပါတယ်။

 

သောကြာနေ့ အစောပိုင်းမှာတော့ နိုင်ငံ့အရှေ့ဖျားက သူပုန်တွေသိမ်းပိုက်ထားတဲ့ Slovyansk မြို့ကို ယူကရိန်း အစိုးရတပ်တွေက ပထမဆုံးအဖြစ် ကြီးမားတဲ့ စစ်ဆင်ရေးဝင်ခဲ့ပါတယ်။ 

ယူကရိန်းတပ်တွေဟာ မြို့ပြင်က သူပုန်တွေရဲ့စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် အစောင့် ထူထူ ထဲထဲချထားတဲ့ မြို့လယ်အထိတော့ တိုးမသွားနိုင်ဘူးလို့ အနောက်နိုင်ငံက သတင်းတွေမှာ ဖေါ်ပြ ပါတယ်။

ခွဲထွက်ရေးသမားတွေက ယူကရိန်းစစ်တပ် ရဟတ်ယာဉ် ၂ စီးကို ပစ်ချနိုင်တဲ့အတွက် လေယာဉ်မှူး ၂ ဦး
သေဆုံးပြီး တဦးကိုတော့ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

0 မှတ်ချက်များ for "ရုရှားလိုလာသူ ခွဲထွက်ရေးသမားနဲ့ ယူကရိန်းအစိုးရတပ်ဖွဲ့ ကြား တိုက်ပွဲ စတင်ဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++