ကျင်းပမည့်ရွေးကောက်ပွဲ ရွှေ့ ဆိုင်းထားဖို့ အတိုက်အခံပါတီ ရဲ့ တောင်းဆိုချက် ထိုင်းအစိုးရပယ်ချ

ဇူလိုင်လမှာ ကျင်းပဖို့  စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို နောက်ထပ် ၆ လလောက်အထိ ရွှေ့ဆိုင်းထားဖို့  အတိုက်အခံပါတီ ခေါင်းဆောင် အဖိဆစ် ဝိဂျာဂျီဝါ့ရဲ့ တောင်းဆိုချက်ကို ထိုင်းအစိုးရ ဝန်ကြီးတဦးက ပယ်ချလိုက်ပါတယ်။

ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝါ့တ် အနေနဲ့  ရာထူးကနေ နှုတ်ထွက်
ပေးဖို့ နဲ့  ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်ရေးအတွက် ကြားဖြတ် အစိုးရအဖွဲ့ တခုဖွဲ့ပြီး နိုင်ငံကိုအုပ်ချုပ်သင့်ကြောင်း၊ အဲဒီနောက် ၆လ လောက် အကြာမှာမှ ရွေးကောက်ပွဲကျင်းပဖို့ အဆိုပြု ထားကြောင်း အတိုက်အခံပါတီ ခေါင်းဆောင် အဖိဆစ်က   ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း ထိုင်းပညာရေး ဝန်ကြီး ချက်တူရော်န် ချေဆဲန်း ကတော့ ဒီအဆိုပြုချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီပဲ စစ်အာဏာသိမ်းတာမျိုးလိုပဲ အလားတူ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေရှိခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲကို ထိုင်းအခြေခံ ဥပဒေတရာရုံး က တရားမဝင်ဘူးဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။

0 မှတ်ချက်များ for "ကျင်းပမည့်ရွေးကောက်ပွဲ ရွှေ့ ဆိုင်းထားဖို့ အတိုက်အခံပါတီ ရဲ့ တောင်းဆိုချက် ထိုင်းအစိုးရပယ်ချ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++