Pages

May 5, 2014

နား ကျန်းမာရေုး

အကြားအာရုံချို့ ယွင်းခြင်းကြောင့် လူဖြစ်မရှုံးသော်လည်း၊ မိမိကိုယ်ကိုယုံကြည်မှုကင်း ၍ လူဝင် မဆန့် ဖြစ်လာတတ် တာ ဓမ္မတာပါ။ 

အတိတ်ကံ၊ ကံ၏အကျိုးဆက်များကြောင့် အချို့ သော သူများသည် မွေးရာပါ အကြားအာရုံချို့ ယွင်း လာကြသလို၊ လူအများစုကလည်း မကြာခဏအိပ်ရေးပျက်ခြင်း၊ ဖုန်းအမြဲ နားထောင်၍ အလုပ်လုပ်ရခြင်း၊ ပတ်ဝန်း ကျင်ဆူညံသံများ ဖုံးလွှမ်းသော နေရာတွင် အလုပ်လုပ်ရခြင်း၊ နားကြပ်တပ်၍ သီချင်းများ နားထောင်လေ့ရှိခြင်း စသည့် ဘေးပယောဂများကြောင့် နားအူ၊ နားလေထွက်၊ နားယားရောဂါမှိုစွဲကပ်ခါ၊ အဆင်မသင့်ပါက နားကန်းသွားတတ်ပါသည်။ 

နား၊ နှာခေါင်း၊ လည်ချောင်းတို့ သည် အာရုံကြောများ ဆက်စပ်နေကြသည့်ပြင် နားပိုးဝင်ပါက ဦးနှောက် ကိုပါ အန္တရာယ်ဖြစ်စေတတ်သဖြင့် နားကျန်းမာရေး အသိပညာများ ရှိထားကြစေရန် အထူးလိုအပ်ပါသည်။

နားသန့် ရှင်းရေး။
• နားအတွင်းကျန်းမာရေးအတွက် နားပတ်ဝန်းကျင်ပြင်ပသန့် ရှင်းမှုကလည်းအရေးကြီးပါသည်။ ထို့ ကြောင့် ရေချိုးပြီးစ မျက်နှာသုပ်ပုဝါ စိုထိုင်းထိုင်း(သို့ မဟုတ်) တစ်ရှုးတို့ ဖြင့် နားပြင်ပတ၀ိုက်ကို သန့် ရှင်းရေးလုပ်ပေးရပါမည်။
• Earwax (ခေါ်) နားကျပ်ဆီတစ်မျိုးဖြင့် မိမိဖာသာ အိမ်တွင်နားသန့် စင်ပေးနိုင်ပါသည်။ သို့ သော် ထို Earwax များ ပိုမိုသုံးစွဲခြင်းဖြင့် ချေးညှော်တက်ကာ အကြားအာရုံပိတ်ဆို့ တတ်သောကြောင့် လိုအပ်သည် ထက်ပိုမသုံးသင့်ပါ။
• နားထဲတွင် ယားယံ၍ နာကျင်လာပါက နီးစပ်ရာဆရာဝန်တစ်ဦးဖြင့် ကုသမှုခံယူပါ။
• အကယ်၍ နားကပ်ပန်ရန် နားဖောက်မည်ဆိုပါက၊ မေးခိုင်ပိုးမ၀င်စေရန် နှင့် အနာမရင်းစေရန် တို့အတွက် နားပတ်လည် နှင့် နားသီးတို့ ကို အရက်ပြန်ဖြင့်နှံ့ အောင် သုပ်လိမ်းပေးပါ။
• ချွန်ထက်သောကလစ်၊ နားကျပ်တံများသည် နာအတွင်းနံရံများနှင့် နားစည်ကို ထိခိုက်ဒဏ်ရာ ရစေတတ်သဖြင့် ထိုပစ္စည်းများဖြင့် နားတွင်းသန့် ရှင်းရေးမလုပ်သင့်ပါ။
• လူအချို့ ကလည်း နားကို သန့်ရှင်းစင်ကြယ်အောင်နားပေါက်ထဲရေ ထဲ့လေ့ရှိကြသည်။ ထိုနည်းလမ်းသည် နားဖာချေးများ နောက်သို့ ပြန်ရောက်ကာ ပိတ်ဆို့သွားတတ်ပါသည်။ သံလွင်ဆီသည် နားဖာချေးများကို ပျော့ သွားစေ၍ ထွက်သွား အောင် လုပ်နိုင်စွမ်းရှိသဖြင့်၊ နားထဲသို့ သံလွင်ဆီနှစ်စက်ထည့်ပေးပါ။

ဖျားနာပျောက်ဆေးများ နှင့် နားအန္တရာယ်။
• နှာခေါင်းတစ်ဘက်ချင်းစီကို လက်ဖြင့်ပိတ်ပြီးမှသာလျှင် နှာချေးညှစ်ထုတ် သင့်ပါသည်။ သို့ မဟုတ်ပါက၊ နားထဲသို့  ကူးစက်ပိုးဝင်ကာ နားအူစေတတ်ပါသည်။
• ဖျားနာပျောက်ဆေးများ နှင့် အချို့ ဆေးပြင်းပြင်းများသည် နားလေးသွားခြင်း (သို့ မဟုတ်) နားထဲတွင် ဆူညံသံများ ဆက်တိုက်ကြားခြင်း စသည်ဖြင့် အကြားအာရုံကို ထိခိုက်စေနိုင်ပါသည်။ ထိုအခြေအနေ မျိုးတွင် တတ်ကျွမ်းနားလည် သောဆရာဝန်နှင့် အမြန်ဆုံးကုသမှု ခံယူသင့်ပါသည်။
• နားထဲမှ အရည်များယိုစီးကျခြင်းသည် ပုံမှန်မဟုတ်ဘဲကူးစက်ပိုးဝင်ခြင်းဖြစ် ၍၊ နီးစပ်ရာဆရာဝန်နှင့် အမြန်ဆုံးကုသမှု ခံယူသင့်ပါသည်။

ဆူညံသံများ။
• အချို့ အလုပ်ရုံ၊ စက်ရုံများ နှင့် လုပ်ငန်းခွင်များသည် နား၏ခံနိုင်ရည်အသံလှိုင်းထက် ကျယ်လောင်ကာ၊ နားစည်တုန်ခါမှု ကိုအနှောင့်အယှက်ဖြစ်စေသောကြောင့် နားအကာအကွယ်ကိရိယာများ တပ်ဆင်ထား သင့်ပါသည်။
• IPOD နှင့် MP3 player များဖြင့် အချိန်ကြာမြင့်စွာ သီချင်းနားထောင်ခြင်းကလည်း နားကို အန္တရာယ်
ဖြစ်စေသဖြင့် သတိပြုသင့်ပါသည်။
• အိမ်တွင်း စတူဒီယို နှင့် အသံသွင်းခန်းမများတွင်နားစည်ကိုတုန်ခါမှုဖြစ်စေ တတ်သဖြင့် အသံပမာဏနှုန်း ကို နှိမ့်ထားသင့်ပါသည်။
• မဖြစ်မနေ နားကျပ်တပ်၍ အလုပ်လုပ်ရသောအခါများတွင်လည်း၊ ခဏတဖြုတ်အချိန်ခဏနားပေးသင့် ပါသည်။
• တယ်လီဖုန်းများ နှင့် ဟန်းဖုန်း volume အသံများကို လျော့ထားခြင်းဖြင့် နားထိခိုက်မှုမှ ကြိုတင် ကာကွယ်နိုင်ပါသည်။

အန္တရာယ်ကင်းဘေးရှင်း။
• ခေါင်းနှင့် နားကိုထိခိုက်စေနိုင်သည့် မော်တော်ဆိုင်ကယ်၊ စကိတ်၊ မြင်း စီးခြင်း စသည်တို့ အတွက် နားကာဦးထုပ်များကို ဆောင်းထားသင့်ပါတယ်။
• ရေထဲသို့ ဒိုင်ဗင်ထိုးချခြင်း၊ ရေကူးခြင်း နှင့်ရေထဲတွင်အလုပ်လုပ်ရခြင်းကြောင့် ရေထုဖိအားသည်နားကို အနှောင့်အယှက်ဖြစ်စေသဖြင့် နားအကာအကွယ်ပစ္စည်း တပ်ဆင်ထားသင့်ပါသည်။
• လေယာဉ်စီးနေစဉ် လေထုဖိအားမှကာကွယ်ရန်အတွက် အထူးဇကာပါသော နားကျပ်ကို တပ်ဆင် ထားခြင်း၊ နားထဲရှိ လေဖိအားကို မျှခြေဖြစ်စေရန်အတွက် မကြာ ခဏတံတွေးမျိုချခြင်း (သို့ မဟုတ်) ပါးစပ်ဟ၍သန်းခြင်း၊ အအေးပတ်နှာ စေးနေပါက လေယာဉ်ပေါ်မတက်ခင် တစ်နာရီခန့် ကြိုတင်၍နှာချေ
ပျောက်ဆေးသောက်ထားခြင်း စသည်ဖြင့် မိမိကိုယ်ကိုကာကွယ်ထားသင့်ပါသည်။

အထွေထွေစောင့်ရှောက်မှု။
• အကြားအာရုံကောင်းမွန်သော်ငြား၊ နားလည်တတ်ကျွမ်းသောဆရာဝန်များဖြင့် နားကိုပုံမှန် စစ်ဆေးခြင်း၊ နေပူဒဏ်ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ရန် နားတွင် sunscreen ကိရိယာတပ်ဆင်ခြင်း၊ မတော်တဆထိ ခိုက်မှုကြောင့် နားရောင် ရမ်းနာကျင်ပါက ဆရာဝန်နှင့်ပြသခြင်း စသည်ဖြင့် အထွေထွေစောင့်ရှောက်မှု ပြုလုပ် သင့်ပါသည်။
• အကြားအာရုံဆုံးရှုံးခြင်းကို အောက်ပါလက္ခဏာများက နိမိတ်ဖော်ပြပါလိမ့်မည်။
(က) တစ်ဘက်လူ ဖြေဆိုသောစကားကိုမကြား၍ ထပ်ခါထပ်ခါတူညီသောမေး ခွန်းပြန်မေးနေရခြင်း။
(ခ) အမေးနဲ့ အဖြေတလွဲဖြစ်နေခြင်း။
(ဂ) တယ်လီဖုန်းပြောဆိုသောအခါ သေချာမကြားရခြင်း။
(ဃ) တီဗွီ/ရေဒီယိုကက်ဆက်အသံများကို သူများတွေထက်အသံချဲ့ မှ ကြားနိုင်ခြင်း။
(င) မိမိကို စကားပြောလာသည့် တစ်ဖက်သူများအပေါ် စကားမပီမသပြောနေကြ သည်ဟု မကြာခဏသံသယ ၀င်မိခြင်း။
(စ) ပတ်ဝန်းကျင်ရှိ ဌက်လေးများ တကျည်ကျည် အော်မြည်သံကို သဲသဲကွဲ ကွဲမကြား ရခြင်း။
(ဆ) တဘက်သူပြောဆိုသောစကားကို သဲသဲကွဲကွဲမကြားရသဖြင့် ဟန်ဆောင်၍
ခေါင်းညှိတ်/ခေါင်းခါ/ပြုံးပြနေ ရခြင်း။
(ဇ) ကြည်ကြည်လင်လင်မကြားရ၍ ပြောနေသောစကားဝိုင်းကျ ရှောင်ထွက် လာရခြင်း။
(ဈ) တဘတ်သူ၏ နှုတ်ခမ်းကိုကြည့်ပြီးမှသာ ခက်ခဲပင်ပန်းစွာ စကားဆို ရင်းအဓိပ္ပါယ်ကိုနားလည်ခြင်း။
(ည) ပြင်ပ ပယောဂ အသံကြောင့်မဟုတ်ဘဲ နားထဲတွင် အလိုအလျောက် တ၀ီဝီအသံများ အဆက်မပြတ် ကြားနေ ရခြင်း။
 
ဘာသာပြန်သူ……promise.pauk 
(Ref: Health Library)

No comments:

Post a Comment