ဒုက္ခသည်စခန်းမှာ စစ်ရှောင်ပြည်သူ - တွေကို လက်မခံဖို့ - မြန်မာစစ်တပ် တားမြစ်

ကချင်ပြည်နယ်ရှိ စစ်ဘေး ရှောင်ဒုက္ခသည် စခန်း များသို့ စစ်ရှောင် ပြည်သူများ ထပ်မံရောက်ရှိလာ လျှင် လက်မခံရန် မြန်မာအစိုးရစစ်တပ် မှတားမြစ် ထားကြောင်း ကချင်ပြည် နယ်ရှိဒုက္ခသည် စခန်းအချို့ ထံမှ သိ ရသည်။

တပ်မ (၈၈)မှ ဗျူဟာမှူးနှင့် တပ်မမှူးတို့က ဒုက္ခသည် စခန်းရှိစစ် ဘေးရှောင်ပြည်သူများကို ရွှေ့ပြောင်း
စေကာ ထပ်မံရောက်ရှိလာမည့်သူများကို လက်မခံ ရန်ပြောခဲ့ခြင်းဖြစ် ကြောင်း ကချင်ပြည်နယ် မန်ဝိန်းကြီး ဒေသရှိ ဒုက္ခသည်စခန်း တာဝန်ခံ ကိုနော်ဒင်းက ပြောသည်။

မြန်မာအစိုးရစစ်တပ်နှင့် KIA စစ်တပ်တို့အကြား တိုက်ပွဲများဖြစ် ပွားခဲ့ပြီးနောက် ဒေသခံများအနေ ဖြင့် အစိုးရထိန်းချုပ်သည့်ဒုက္ခသည် စခန်းများနှင့် KIA ထိန်းချုပ်သည့် ဒုက္ခသည်စခန်းများသို့ နေရပ်စွန့်ခွာ ပြောင်း
ရွှေ့လာခဲ့ကြပြီး ဒုက္ခသည်ဦး ရေမှာလည်း ယခင်ထက်ပိုမိုများပြား လာကြောင်း၊ ယခုကဲ့သို့ အစိုးရစစ် တပ်မှဒုက္ခသည်များလက်မခံပါက စစ် ဘေးသင့်ဒေသခံများအတွက် များစွာ အခက်အခဲရှိကြောင်း ကချင်ပြည်နယ် နန့်လင်းပါရွာရှိ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ''အခုစစ်တပ်က သူတို့ နယ်မြေထဲက ဒုက္ခသည်စခန်းအား လုံးကို ၂၁ ရက်နဲ့ ၂၂ရက်တွေက တည်းက အကြောင်းကြားထားတယ် လို့သိရတယ်။ ပေးမနေရင် ဒီလူတွေ က ကိုယ့်ရွာပြန်လဲ စစ်ကျန်မိုင်းအန္တ ရာယ်က ရှိသေးတယ်။ ဒါကဘာရည် ရွယ်ချက်နဲ့လုပ်လုပ် ပြည်သူ ကို
ခြိမ်း ခြောက်တာပဲ''ဟုပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် လိုင်ဇာမြို့အနီးရှိဒုက္ခသည်စခန်း များတွင် စခန်းတစ်ခုလျှင် ဒုက္ခသည် ဦးရေ ၂ဝဝဝ ကျော်ခန့်ရှိပြီး မန်ဝိန်း ကြီးဒုက္ခသည်စခန်းတစ်ခုတည်းတွင် ဒုက္ခသည်ဦးရေ ၅ဝဝဝ ကျော်ရှိကြောင်း ကချင်လူမှုအဖွဲ့များမှထုတ်ပြန်သည့် စာရင်းများအရ သိရသည်။____ ရန်ကုန်တိုင်း(မ်)

0 မှတ်ချက်များ for "ဒုက္ခသည်စခန်းမှာ စစ်ရှောင်ပြည်သူ - တွေကို လက်မခံဖို့ - မြန်မာစစ်တပ် တားမြစ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++