Pages

May 4, 2014

အလုပ်အကိုင် အခွင့် အလမ်းနည်းပါးနေ၍ လူငယ်တွေကြား မူးယစ်ဆေးဝါး သုံးဆွဲမှု များပြားလာ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပတတ်တဲ့ မွန်လူငယ်ညီလာခံမှာ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲမှု များလာတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးမှာလူငယ်တွေ ပါဝင် လာ နိုင်ဖို့အရေးကို ဆွေးနွေးကြပါတယ်။

လူငယ်တွေကြားထဲ မူးယစ်ဆေးဝါးသုံးဆွဲမှုများ လာတာဟာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါး တာကြောင့်ဖြစ်တယ်လို့ ညီလာခံတော် တက်ရောက်တဲ့ သံဖြူဇရပ်မြို့နယ်က ကိုယ်စားလှယ် ကိုဇာနည်ဦးက အခုလို ပြောပါတယ်။  

လူငယ်တွေကြားထဲမှာတော့ အဓိကကြုံတွေ့နေရ တာက မြင်းဆေးကိစ္စတွေပေါ့၊ အဲဒီမြင်းဆေး ကိစ္စတွေက လူငယ်တွေကြားထဲမှာ ရေပန်းစားနေတယ်၊ မြို့ပေါ်အပါအဝင် မွန်ပြည်နယ်တစ်ခုလုံးကို ခြုံပြီးတော့ပြော တာပေါ့၊ ပညာပေးအပိုင်းကတော့ အားနည်းတာဗျ၊ မွန်ပြည်သစ်ပါတီက သူတို့လုပ်နိုင် သလောက် ပိုစတာ တို့ ဗွီနိုင်းတို့ လက်ကမ်းစာစောင်တို့ လိုက်ဝေနေတယ်၊ ဒါပေမဲ့ တခြားအလုပ်ရုံဆွေးနွေး ပွဲလိုဟာမျိုးအား နည်း တယ်လို့မြင်တယ်၊ နောက်တစ်ခု လူငယ်တွေက ဒါကိုသိပ်ပြီးတော့ စွဲလမ်းနေ တာတော့ မဟုတ် ဘူးဗျ၊ သူတို့မှာ အလုပ်မရှိဘူး၊ သူတို့ရဲ့ဝါသနာ အခွင့်အလမ်းတစ်ခု ပေါ်လာမယ်ဆိုရင် ဒါတွေ ပပျောက်သွားနိုင် တယ်"
မွန်လူငယ်နဲ့ မွန်အမျိုးသား နိုင်ငံရေး၊ လူငယ်နဲ့ ပညာရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါး၊ လူငယ်နဲ့ စာပေယဉ်
ကျေးမှု၊ လူငယ်နဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ခေါင်းစဉ်တွေကိုလည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။ 

ဒီပထမဆုံးအကြိမ်ကျင်းပတဲ့ မွန်လူငယ်ညီလာခံကို မေလ ၁ ရက်နေ့မှ  မေလ ၃ ရက်နေ့ အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ပေါ်လမ်းက သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပနေ တာဖြစ်ပါတယ်။

အဲ့ဒီညီလာခံကို မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်က လူငယ်တွေအပြင် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနဲ့ ကရင်ပြည် နယ်က မွန်တိုင်းရင်းသား လူငယ် ၅၀၀ ကျော် တက်ရောက်နေသလို မွန်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေနဲ့ ရဟန်းသံဃာတွေ တက်ရောက်နေကြပါတယ်။

No comments:

Post a Comment