Pages

May 3, 2014

နောင်ဘ၀မှာ ပြန်ဆုံတွေ့ကြမယ်လို့မပြောပါနဲ့

ဒီဘ၀ မှာ ကိုယ်ချစ်တယ်လို့သတ်မှတ်ထားတဲ့ လူတွေကို ကောင်းကောင်းဆက်ဆံပါ။ 

နောင်ဘ၀မှာ ပြန်ဆုံတွေ့ကြမယ်လို့မပြောပါနဲ့
ဒီဘ၀မှာ ကိုယ့်ကို ချစ်တဲ့လူတွေကို သေချာ ဂရုစိုက်ပေးပါ။

နောင်ဘ၀မှာ ပြန်ဆုံတွေ့ကြမယ်လို့မပြောပါနဲ့
တစ်ဖက်လူရဲ့အားနည်းချက်ကို ဖုံးကွယ်ပြီး အားသာချက်ကို များများတွေးပါ။ 

နောင်ဘ၀မှာပြန်ဆုံတွေ့ကြမယ်လို့မပြောပါနဲ့
ကိုယ့်ကို ဂရုစိုက်သူတွေရဲ့ အချစ်ကို ပေါ့ပေါ့ဆဆ မဆက်ဆံပါနဲ့။

နောင်ဘ၀ဆိုတာ ဝေးလွန်းပါတယ် ..။  ဒီဘ၀ရဲ့ တိုတောင်းတဲ့နေ့ရက်တွေထဲမှာ သင် လစ်လျှုရှု ခဲ့တဲ့အရာတွေ ဘယ်လောက်များနေပြီလဲ ။ ___ သက်တန့်ချို

No comments:

Post a Comment