မလေးရောက် - မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀ ကျော် အဖမ်းခံရ

တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ဖမ်း ဆီးရေး မလေးရှားအစိုးရရဲ့ စီမံချက်ချ ဆောင်ရွက် ရာမှာ မလေးရှာနိုင်ငံမှာ သွားရောက်အလုပ် လုပ် ကိုင်နေတဲ့ မြန်မာ အလုပ် သမား (၄၀)ကျော် ဖမ်းဆီး ခံနေရကြောင်း သိရသည်။

ကွာလာလမ်ပူမြို့နဲ့ ၁၂ မိုင်အကွာ ဖူချောင်း အရပ်
ဒေသမှာ ရှိတဲ့ Tesco စူပါ မားကက်နားက ညဥ့်နက်ပိုင်း ဖွင့်တဲ့ စားသောက်ဆိုင်တန်းတွေကို စနေညသန်းခေါင်အချိန်မှာ မလေးရဲနဲ့ လ၀ကတို့ က ရှောင်တခင် ၀င်ရောက် စစ်ဆေးပြီး တရားမ၀င် အခြားနိုင်ငံခြားသား အလုပ်သမားတွေကို  ဖမ်းဆီး ခဲ့ပါတယ်။ အဖမ်းခံရ သူတွေထဲမှာ မြန်မာနိုင်ငံသား (၄၀)ကျော် ပါသွားတယ်လို့ အလုပ်သမားရေး ကူညီဆောင်ရွက်နေတဲ့ ကိုလတ် ကပြောပါတယ်။

မလေးရှားအစိုးရက တရားမ၀င် အလုပ်သမားတွေ မိမိနိုင်ငံပြန်ကြဖို့နဲ့ မပြန်ပဲ ရှာတွေ့ခဲ့ရင် ဖမ်းဆီးအရေး ယူမယ်လို့ ဒီနှစ်ဆန်းပိုင်းကတည်းက ကြေညာထားပါတယ်။  

အဖမ်းဆီးခံရသူတွေ ဘယ်လိုဆက်လက် အရေးယူဆောင်ရွက်သွားမည်ကို အတိအကျ မသိရသေးပေမယ့် UNHCR ကဒ်ကိုင်ထားတဲ့ သူတွေ အတွက်တော့ UNHCR အကူအညီနဲ့ ပြန်လွတ်လာနိုင်တယ်။ ဘာမှမရှိဘူး ဆိုရင်တော့  သေချာပေါက် ထောင်သုံးလနဲ့ ကြိမ်ဒဏ် ပါသွားပြီ။ ဘာ Document မှ မရှိတဲ့သူတွေအတွက် အခြေအနေ တော်တော်ဆိုးပါတယ်။ ဒီဟာတွေ အားလုံးကို မြန်မာသံရုံးအနေနဲ့ စိစစ်ပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ သူတို့အတွက် မျှော်လင့်ချက် နည်းနည်းရှိတာပေါ့။" လို့ ဆိုပါတယ်။

အဖမ်းဆီးခံနေရတဲ့  မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို  မြန်မာသံရုံး မည်သို့  ကူညီ ဆောင်ရွက်ပေး မယ ဆိုတာကို မသိရသေးပါဘူး။

ပွဲစားကတဆင့် မလေးရှားမှာ လာရောက် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား (၁)သိန်းခွဲ ၀န်းကျင်လောက် ရှိပြီး တရားဝင်ရော တရားမ၀င်ပါ စုစုပေါင်း မြန်မာနိုင်ငံသား ၃သိန်း နီးပါး ရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ခန့်မှန်းထားကြပါတယ်။

0 မှတ်ချက်များ for "မလေးရောက် - မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀ ကျော် အဖမ်းခံရ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++