လေ့လာ တွေ့ရှိမှု အသစ် အရ ကော်ဖီ သောက်သုံးခြင်း ဟာ မျက်လုံး အား တိုးစေပြီး မျက်စိ မှုန်ခြင်း၊ ကန်းခြင်း မဖြစ်အောင်ပါ ကာကွယ်ပေးကြောင်း သိရ ပါတယ်။
အမေရိကန်ပြည်ထောင်စု Cornell University မှ ထုတ်ပြန်တဲ့ သုသေတန ပြုလုပ်မှု ရလဒ် ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Cornell University မှ ထုတ်ပြန်တဲ့ သုသေတန ပြုလုပ်မှု ရလဒ် ဖြစ်ပါတယ်။
မျက်လုံးမှာ ပါဝင်တဲ့ retina အလွှာဟာ အလင်းရောင် ကို ခံစား တုံ့ပြန်နိုင်တဲ့ ဆဲလ်ပေါင်း သန်းချီနဲ့ ဖွဲ့စည်း ထားခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင် ဓာတ် ချို့တဲ့ခြင်း၊ radical လို့ခေါ်တဲ့ unpaired electron များ ထွက်ရှိခြင်း ကြောင့် မျက်လုံး အမြင်အာ ရုံကို ချို့တဲ့စေပြီး အချိန် ကြာလာတဲ့ အတူ ကန်းသွား စေနိုင် ပါတယ်။ ဒီအတွက် ကော်ဖီမှာ ပါဝင်တဲ့ antioxidant တစ်မျိုးဟာ အောက် ဆီဂျင် ဓာတ် တိုးစေပြီး radical တွေကို ဖယ်ရှားပေးပါတယ်။
ဒါကြောင့် သေဆုံးသွားတဲ့ retina က အလင်းဆဲလ်တွေကို ပြန်လည်အစားထိုးမယ့် ဆဲလ်တွေ မွေးဖွား ပေး
စေပြီး အမြင် တိုးတက်လာစေမှာ ဖြစ်ပါတယ်။
ဒီတော့ ကော်ဖီကို ပုံမှန် သောက်သုံး သူတွေဟာ သောက်သုံးလေ့ မရှိသူများ နဲ့ စာရင် အမြင်အာရုံ ပိုကောင်းပြီး မျက်လုံးကန်း နိုင်ချေ နည်းကြောင်း သိရ ပါတယ်။___အောင်ခမ်း Ref: syracuse.com

No comments:
Post a Comment