ပါလက်စတိုင်း အဓိကအုပ်စုနှစ်ခုဖြစ်တဲ့ ဖာတာနှင့် ဟာမခ်ျ တို့ကြား ညီညွတ်ရေးအတွက် သဘောတူ စာချုပ် ချုပ်ဆိုကြောင်း ကြေညာခဲ့ပြီးနောက် ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းပွဲကို အစ္စရေးဘက်က ရပ်ဆိုင်းလိုက်သည်။
အကယ်၍ အစ္စရေး-ပါလက်စတိုင်း
နှစ်နိုင်ငံပုံစံမျိုး ကာလတိုအတွင်း ထုတ်ဖော်နိုင်ခြင်း မရှိပါက
အစ္စရေးတွင် ဘာသာရေးခွဲခြားသည့် နိုင်ငံဖြစ်မည့် အန္တရာယ်ရှိနေကြောင်း တနင်္လာနေ့က ကျင်းပပြု လုပ်ခဲ့တဲ့ တံခါးပိတ်ဆွေးနွေးပွဲမှာ ဂျွန်ကယ်ရီ
ပြောဆိုသော အသံဖိုင်တစ်ခု ထွက်ပေါ်လာသည်။
အသံဖိုင်နှင့်ပတ်သက်၍ အဓိပ္ပာယ်ကောက်ယူမှု လွဲမှားခြင်းသာ ဖြစ်ကြောင်း ပြန်လည် ငြင်းဆိုသည့်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကြေညာချက်ထုတ်ပြန်လိုက်သည်။

အစ္စရေးဟာ ဘာသာရေး ခွဲခြားတဲ့နိုင်ငံ ဖြစ်လာမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မပြောခဲ့ဘူး၊ ယုံလည်း မယုံကြည်ခဲ့ဘူး။ အများရှေ့မှာလည်း အဲဒီလို မပြောခဲ့ဘူး၊ ကွယ်ရာမှာလည်း မပြောခဲ့ဘူး" ဟု ဂျွန်ကယ်ရီက ရှင်းလင်း ပြောဆိုသည်။
အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတ်မှတ်ရက် ကျော်လွန်သွားခြင်းဟာ နိုင်ငံနှစ်နိုင်ငံ ပုံစံနှင့်ပတ်သက်၍ သံသယဖြစ်စရာများ ရှိနေကြောင်း အရှေ့ အလယ်ပိုင်းဒေသဆိုင်ရာ BBC အယ်ဒီတာ ဂျင်မရီဘရောင်းက ပြောသည်။
အခြေချ နေထိုင်သည့် အဆောက်အအုံများကိစ္စ၊ ဖမ်းဆီးထားသော အကျဉ်းသားများ လွှတ်ပေးရေးကိစ္စ တို့နှင့်ပတ်သက်၍ သဘောတူညီမှုမရရှိခြင်းကြောင့် ပြဿနာ ဖြစ်ခဲ့ရကြောင်း လေ့လာစောင့်ကြည့်သူ များကဆိုသည်။
အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ခဲ့သော်လည်း တိုးတက်မှုမှာ အနည်းငယ် မျှသာ ရရှိခဲ့သည်။

No comments:
Post a Comment