Pages

May 2, 2014

ရှင်ကျန်းဒေသဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု ပြတ်ပြတ်သားသား ကိုင်တွယ်မယ်လို့ တရုတ်သမ္မတပြော

တရုတ်နိုင်ငံ အနောက်ပိုင်း (Xinjiang ) ရှင်ကျန်းဒေသက ရထားဘူတာရုံတခုမှာ လူသေဆုံးရတဲ့ ဗုံးခွဲမှု နဲ့ ဓါးနဲ့ တိုက်ခိုက်မှုနှင့် ပတ်သက်တဲ့ ခွဲထွက်ရေး အကြမ်းဖက်သမားတွေကို  ပြတ်ပြတ်သားသား အရေယူ သွားမယ်လို့  ရှင်ဂျန်းကို ၄ ရက်ခရီး သွားရောက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ပြန်လာတဲ့ တရုတ်သမ္မတ Xi Jinping က ပြောဆိုလိုက်ပါတယ်။ 

တရုတ်နိုင်ငံအနောက်ပိုင်း Xinjiang ခရိုင်က မီးရထား ဘူတာရုံတခုမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး၊ ၇၉ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ နိုင်ငံပိုင် မီဒီယာကထုတ်ပြန် ကြေညာပါတယ်။

သောင်းကျန်းနေတဲ့ အကြမ်းဖက်သမားတွေကို နှိမ်နှင်းနိုင် ဖို့ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်လို့ သမ္မတပြောတာကို ရှင်ဟွာသတင်းမှာ ကိုးကားဖော်ပြပါတယ်။ 

တိုက်ခိုက်သူတွေဟာ ဓားနဲ့ လူတွေကို လိုက်ပြီး လှီးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဗုံးတလုံးကိုတော့ ဘူတာရုံအထွက် Urumqi မြို့တော်ကိုသွားတဲ့ ဘတ်စ်ကားဂိတ်တို့ကြားမှာ ထောင်ထား ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရကို ဝေဖန်သူတွေကတော့ အစိုးရဟာ မွတ်ဆလင်တွေအပေါ် ကန့်သတ်ချက်တွေလုပ်နေပြီး ဟန်တရုတ်တွေကိုတော့ မူဝါဒအရ မျက်နှာသာပေးထားတယ်လို့ ဝေဖန်ကြပါတယ်။ ရထားဘူတာရုံ ကိုတော့ တင်းကြပ်တဲ့လုံခြုံရေးအောက်မှာ ဒီကနေ့ ပြန်ဖွင့်ခဲ့ပါတယ်။  

အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါကမှတော့ သူတို့လက်ချက် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို တာမျိုး မရှိပေမယ့် ဆက်တိုက်ဖြစ်နေတဲ့ ရှုပ်ထွေးတဲ့ တိုက်ခိုက်မှုတွေဟာ မွတ်ဆလင် အများစုဖြစ်တဲ့ ဝီဂါတိုင်းရင်းသားတွေ လုပ်တာလို့ တရုတ်အစိုးရက အပြစ်တင်နေပါတယ်။

ရှင်ဂျန်းဟာ တရုတ်မွတ်ဆလင် Uighur ၀ီဂါတွေ နေထိုင်ရာဒေသ ဖြစ်ပါတယ်

ကြာသပတေးနေ့ထုတ် တရုတ်ပြည်သူ့နေ့စဉ် သတင်းထဲမှာတော့ သေဆုံးသူ ၃ ယောက်မှာ ၁ ယောက် က ဘေးမှာရပ်ကြည့်နေသူဖြစ်ပြီး ၂ ယောက်က တိုက်ခိုက်သူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တရုတ်အစိုးရပိုင်ရှင်ဟွာသတင်းမှာလည်း မသင်္ကာသူ ၂ယောက်ဟာ ဟိုးအရင်ထဲက ဘာသာရေး အစွန်းရောက်တွေဖြစ်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment