Pages

May 4, 2014

ရှမ်းပါတီနှစ်ခု ပူးပေါင်းရေး မူအရ သဘောတူညီမှု ရရှိ

ပါတီချင်း ပူးပေါင်းနိုင်ရေး ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့  တောင်ကြီး ညှိနှိုင်း
ဆွေးနွေးပွဲမှာ မူအရသဘောတူညီချက် ရရှိခဲ့ကြပြီး လုပ်ထုံး လုပ်နည်းနဲ့ တခြား အသေးစိတ်တွေကို ထပ်ညှိနှိုင်းရမယ်လို့  နှစ်ဘက်ခေါင်းဆောင်တွေက
 ပြောပါတယ်။

ပါတီချင်း ပေါင်းစည်းရေးကို မူအားဖြင့် သဘောတူပေမယ့် မူလသီးခြားရပ်တည်ခဲ့တဲ့ ပါတီအဟောင်းကို ဖျက်သိမ်းရမှာကို SNDP ဘက်က မလိုလားကြောင်းနှင့် လုပ်ထုံးလုပ်နည်းနဲ့ တခြားအသေးစိတ်တွေကို၂ လ တကြိမ် ဆွေးနွေးကြမယ်လို့  SNDP ရဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းလှကျော်က ပြောပါတယ်။

ဇန်နဝါရီလတုံးက ပြုလုပ်ခဲ့တဲ့ SNDP ပါတီ နောက်ဆုံးအကြိမ် ညီလာခံမှာ ပါတီဝင်တွေက ဒီလို သဘော ထားပေးခဲ့တာ ဖြစ်တယ်လို့ စိုင်းလှကျော်က ဆက်ပြောပါတယ်။

ဒီလိုအခက်အခဲတွေ ရှိနေပေမယ့် ရှမ်းလူထုက ပါတီနှစ်ခု ပေါင်းစည်းရေး ဆန္ဒရှိနေတယ်လို့ နှစ်ဘက်စလုံး က ပါတီတာဝန်ရှိသူတွေက ပြောကြပါတယ်။

ပါတီချင်းပေါင်းဖို့ ဆွေးနွေးချက် အောင်မြင်ရင် ပါတီနှစ်ခုလုံးက ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး ပါတီသစ် မှတ်ပုံတင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ ဆက်လက် လျှောက်ထားရမှာ ဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment