Pages

May 13, 2014

ကျောင်းသူ၂၀၀ ကျော်နှင့် အစိုးရဖမ်းထားတဲ့ တပ်ဖွဲ့ဝင်ကို အလှဲအလှယ်လုပ် ဖို့ နိုင်ဂျီးရီးယား စစ်သွေးကြွကမ်းလှမ်း

အစ္စလာမ်အစွန်းရောက် Boko Haram အဖွဲ့ ခေါင်း
ဆောင် နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ဗွီဒီယို ထဲမှာ
နိုင်ဂျီးရီးယား အစိုးရက ဖမ်းထားတဲ့ စစ်သွေးကြွတွေ ကို ပြန်လွှတ်ပေးမယ်ဆိုရင် အပြန်အလှန်အနေနဲ့ သူတို့ ဖမ်းဆီးထားတဲ့ ကျောင်းသူ မိန်းကလေး ၂၀၀ ကျော်ကို ပြန်လွှတ်ပေးမယ် လို့ ပြောလိုက် ပါတယ်။
 
ပြင်သစ် သတင်းအေဂျင်စီက ရရှိတဲ့ ၁၇ မိနစ်ကြာ ဗွီဒီယိုမှတ်တမ်းထဲမှာ Boko Haram အဖွဲ့ခေါင်း
ဆောင် Abubakar Shekau က မိနစ်အတော်ကြာ စကားပြောခဲ့ပြီး ဘယ်နေရာဆိုတာ သေချာမသိရတဲ့ လူသူ အရောက်အပေါက်နည်းတောအရပ်မှာ ခေါင်းမြီးခြုံ Hijabs ခေါ် မီးခိုးနဲ့ အမည်းရောင်ဝတ်စုံ ၀တ်ထားတဲ့ မိန်းကလေးငယ် ၁၃၀ ခန့်ကို ပြသခဲ့ပါတယ်။

ဒီမိန်းကလေးငယ်တွေ အားလုံး အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့ပြီး လွတ်မြောက်သွားကြပြီ လို့လည်း Boko Haram အဖွဲ့ ခေါင်းဆောင် Abubakar Shekau က အခုလိုပြောပါတယ်။
 

အဲဒီ ကျောင်းသူလေးတွေ အစ္စလာမ်တရား စာရွတ်ဖတ်ရင်း ဆုတောင်းနေကြတဲ့ပုံကိုလည်း ပြသထား ပါတယ်။ ဒီ မိန်းကလေးငယ်တွေထဲက သုံးယောက် စကားပြောထားတာကိုလည်း အဲဒီ ဗွီဒီယိုမှာတွေ့ရ ပါတယ်။ မိန်းကလေးငယ် နှစ်ယောက်က သူတို့ ခရစ်ယာန်ဘာသာကနေ အစ္စလာမ် ဘာသာကို ကူးပြောင်း ခဲ့တဲ့အကြောင်း ပြောပါတယ်။
 

အစ္စလာမ် အစွန်းရောက် Boko Haram ကနေ ပြီးခဲ့တဲ့လက နိုင်ငံအရှေ့မြောက်ဘက်ရှိ Chibok မြို့ကျောင်း က ကျောင်းသူ အယောက် ၃၀၀ လောက်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ ၅၃ ယောက်ကတော့ ပြန်လည် လွတ်မြောက်ခဲ့ပြီး ၂၇၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒီကျောင်းသူလေးတွေကို လူကုန်ကူးဈေး ကွက်မှာ ရောင်းစားပစ်မယ်လို့ စစ်သွေးကြွတွေက ခြိမ်းခြောက်နေပါတယ်။
 

ဒီမိန်းကလေးငယ်တွေကို ပြန်လည် ရှာဖွေရာမှာ ကူညီတဲ့အနေနဲ့ အမေရိကန်နဲ့ တခြား နိုင်ငံအတော်များများ က စစ်ရေးနဲ့ ထောက်လှမ်းရေး ကျွမ်းကျင်သူတွေကို နိုင်ဂျီးရီးယားနိုင်ငံကို စေလွှတ်ထားပါတယ်။

No comments:

Post a Comment