Pages

May 10, 2014

ရုရှားလိုလားသူတွေနဲ့ ယူကရိန်းတပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လူတော်တော်များ သေဆုံး

ယူကရိန်းနိုင်ငံမာရီပို Mariupol မြို့မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ ရုရှားလိုလားတဲ့သူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ လူအတော်များများ သေ ဆုံးသွားတယ်လို့ ယူကရိန်းအရှေ့ဘက်က လာတဲ့ သတင်းတွေ က ဆိုပါတယ်။

တိုက်ခိုက်မှု အဓိကဖြစ်ပွားခဲ့တဲ့နေရာ တစ်ခု ကတော့
မြို့ ရဲဌာနချုပ် ဖြစ်ပြီး အခုလက်ရှိ အဲဒီ ရဲဌာနချုပ်မှာ မီးလောင်နေပါတယ်။

အင်တာနက်လူမှုကွန်ယက်တွေမှာ တင်ထားတဲ့ ဗီဒီယိုတွေအရ မာရီပို မြို့လယ်မှာ ယူကရိန်းတပ်ဖွဲ့တွက သံချပ်ကာကားတွေ ချထားတာကို တွေ့ရပါတယ်။

ဒါဟာ ဒွန်းညက်စ်ဒေသအတွင်းမှာ ရှိတဲ့ မာရီပို မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းချက် ဖြစ်နိုင်ပါတယ်။

ဒွန်းညက်စ်ဒေသက ခွဲထွက်ရေးသမားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် လာမယ့် တနင်္ဂနွေနေ့ ကျရင် သူတို့ဘာသာ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ဖို့ ရှိပါတယ်။

No comments:

Post a Comment