Pages

May 1, 2014

ဝဋ် ဟူသည်ကား ဘုန်းကြီးပါ မချန် လည်ရသည်အဖြစ်

ပုံမှာ ပြထားတဲ့ တရုတ်ဘုန်းကြီးနဲ့ ယခု ရေးမယ့် ဖြစ်ရပ်မှန် သတင်းတော့ မသက်ဆိုင်ပါဘူး။ 

သို့ပေမယ့် ဝဋ် ဆိုတာ ဘုန်းကြီးလည်း မချိန် လည်စေ တဲ့ အဖြစ် တရုတ်ပြည်မှာ တကယ် ဖြစ်ခဲ့ ပါတယ်။ ပြီးခဲ့တဲ့ မတ်လ လယ်လောက်က ဖြစ်ပါတယ်။ လူသတ်မှုကို ပြန် အစဖော်ရမယ် ဆိုရင်...

တရုတ်နိုင်ငံ မြောက်ပိုင်း Shanxi ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ် မတ်လက မှုခင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သတ္တုတူးဖော်ရေး လုပ်ငန်းကို အဲ့ဒီအချိန်က အတော်လုပ်ကြပြီး မိုင်းတွင်း လုပ်သားများ လုပ်ကိုင်တဲ့ မြို့ငယ်မှာ ဖြစ်ပါတယ်။ Wu လို့ အမည်ရတဲ့ လုပ်သားတစ်ဦးလည်း လုပ်ကိုင် နေပြီး ရွာသား များနဲ့ တိုက်ခိုက်တဲ့ မှုခင်း တစ်ခုမှာ သူဟာ ပါဝင်ခဲ့ပါတယ်။ သူ့မှာပါတဲ့ ဓားတစ်လက်နဲ့ လူတစ်ဦး သတ်မိခဲ့ပြီး ယင်းဖြစ်ရပ် ပြီးတော့ ရထားနဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်း Xiaojiang မြို့ကို ထွက် ပြေး တိမ်းရှောင်သွား ပါတယ်။

လူသတ်မှုမှာ ပါဝင်သူများကို သေဒဏ်ပေးတဲ့ အထိ ပြုလုပ်နေတာကြောင့် Wu အား ကြောက်လှန့်ပြီးတော့ ဘုန်းကြီးကျောင်း တစ်ခုမှာ အိမ်ခြေမဲ့ လူတစ်ဦးလို သွားရောက် ခိုလုံပါတယ်။ ဆွေမျိုးမရှိ၊ ငွေမရှိ၊ ဘဝ အတွက် ရည်ရွယ်ချက် မရှိတဲ့ လူတစ်ဦးပမာ လိမ်လည် နေထိုင်ပြီး လူသတ်မှု အတွက် ပြစ်ဒဏ် ခံရမှာလည်း ကြောက်တာကြောင့် ယင်း မဟာယန ဘုန်းကြီး ကျောင်းမှာပဲ ရဟန်းဘဝ ခံယူ လိုက်ပါတယ်။ ၁၇ နှစ်တာ ကာလ အတွင်း ကြိုးစား ကျင့်ကြံ လေ့လာ အားထုတ်ပြီး ယင်း နယ်က မဟာယန ဂိုဏ်းချုပ် တစ်ဦးတောင် ဖြစ်လာ ပါတယ်။

သို့ပေမယ့် ၂၀၁၄ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ သူ တရားအားထုတ် ကျင့်ကြံ နေတဲ့ ဘုန်းကြီးကျောင်းကို ရဲများ လာရောက်လို့ ဖမ်းဆီး ပါတော့တယ်။ နှစ်ကြာပေမယ့် လူသတ် တရားခံကို ပြန်လည် စုံစမ်း သိရှိ ရပြီး ရဟန်း ဘဝ ရောက်နေပြီ ဖြစ်တဲ့ Wu ကို ဖမ်းဆီးရန် လာရောက် ကြခြင်း ဖြစ်ပါတယ်။

ဒီတော့ ရှောင်လွဲလို့ မရတဲ့ အဆုံး Wu (ရဟန်း အမည် Willow) ဟာ တရားနာ ပရိတ်သတ်တွေကို တရားဆုံးအောင် ဟောပါရစေဖို့ ခွင့်တောင်းပြီး အရင်ဆုံး တရားဟောပါ သေးတယ်။ ပြီးတော့မှ လာရောက်ဖမ်းဆီး သူတို့ထက် လိုက်ပါသွား ပါတယ်။
သင်ခန်းစာ
ဝဋ်ဆိုတာ ၃၁ ဘုံမှာ ကျင်လည် နေ သေးသရွေ့ တစ်နည်း မဟုတ် တစ်နည်း လည်ပါတယ်။ ရဟန်း ဖြစ်သော်ငြားလည်း နိဗ္ဗာန် ဝင်ရန် နီးစပ်တဲ့ အချိန်မှာတောင် ဝဋ်ကို ပြန်လည် ပေးဆပ် ရသည်များကို ဘုရားဟော တရား နဲ့ သာဓက များစွာမှာ မြင်တွေ့ နိုင်ပါတယ်။ ဒါကြောင့် ဝဋ်ဟောင်းများ မဖယ်ရှား၊ မရှောင်လွဲ နိုင်ပေမယ့် ဝဋ်ကြွေးသစ်များ မစိုက်ပျိုး မပြုစု မိ ကြ စေဖို့ စေတနာထား ရေးသား တိုက်တွန်း လိုက်ရ ပါတယ်။___အောင်ခမ်း Ref: chinadaily.com.cn

No comments:

Post a Comment