Pages

April 20, 2014

တနိုင်လုံးအပစ်ခတ် ရပ်စဲရေး UWSA ရဲ့ သဘောထား သိရှိဖို့ KNU သွားတွေ့မည်

တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ရဲ့ သဘောထားကိုသိရဖို့  KNU ကရင်အမျိုးသား အစည်းအရုံးက ဒီလကုန်ပိုင်းမှာ အလွတ်သဘော သွားရောက် ဆွေးနွေးမယ်လို့ သိရပါတယ်။

NCCT နဲ့ UWSA အကြား ယခင်တွေ့ဆုံမှုတွေ လုပ်ခဲ့တုန်းကတော့ အတိုင်းအတာတစ်ခုအထိ အစိုးရနဲ့ ဝတပ်ဖွဲ့အကြား ငြိမ်းချမ်းရေး ရယူထားတဲ့ အတွက် နယ်မြေဒေသ ဖွံ့ဖြိုေးရးတွေ လုပ်ဆောင်နိုင်ခဲ့တယ်ဆိုပြီး ဝတပ်ဖွဲ့ ပြောဖူးတယ်လို့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုပေါင်း ဖွဲ့ထားတဲ့ NCCT ရဲ့ ခေါင်းဆောင်လည်းဖြစ် KNU ရဲ့ အတွင်းရေးမှုလည်း
ဖြစ်တဲ့ ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

NCCT အနေနဲ့ အစိုးရနဲ့အကြား သဘောတူမှု ရရှိလာအောင် ကြိုးပမ်းနေတဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးမူ အပေါ် ဝတပ်ဖွဲ့ရဲ့ သဘောထားနဲ့ နိုင်ငံရေး အမြင် ရပ်တည်မှုတွေ သိရအောင်လို့ ဆွေးနွေးမှာသာ ဖြစ်ပြီး ဝတပ်ဖွဲ့ကို NCCT ထဲ ပါဝင်လာအောင် ပြောဆိုဖို့ မရည်ရွယ်ဘူးလို့ ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

KNU ယခင်က ကျင်းပခဲ့တဲ့ တိုင်ရင်းသား အဖွဲ့တွေရဲ့ ညီလာခံမှာ ဝတပ်ဖွဲ့ မပါဝင်ခဲ့ပေမယ့် ညီလာခံ ဆုံးဖြတ်ချက်လို သဘောထားတွေကို ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်လို့  ဆို ပါတယ်။

အစိုးရနဲ့အကြား တကယ်အပစ်ရပ်ရေးမူ ရလာလို့ လက်မှတ်ထိုးကြတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ၊ စုပေါင်းအဖွဲ့ တစ်ခုတည်းအနေနဲ့ လက်မှတ်ထိုးကြမှာမျိုးထက်တဖွဲ့ခြင်းစီက လက်မှတ်ထိုး ကြမှာ ဖြစ်တဲ့အတွက် ဝတပ်ဖွဲ့ရဲ့ သဘောထား အမြင်တွေကို အလွတ်သဘော ဆွေးနွေးကြည့်မှာ ဖြစ်တယ် လို့ သိရပါတယ်။

No comments:

Post a Comment