မိုးပေါ်ပျံလှေ Flyboard

ရေလည်း ကူးလို့ရမယ်၊ မိုးပေါ်လည်း ပြန်လို့ရမယ့် စက်ဖြစ် ပါတယ်။ ပြင်သစ်နိုင်ငံသား ရေကူးချန်ပီယံ Franky Zapata မှ ယခုလို လက်တွေ့ စမ်းသပ် ပြသ ထားပါတယ်။

တစ်ခုတည်း သီးသန့်တော့ သုံးလို့ မရပါဘူး။ သူ့မှာ ဟိုက်ဒရိုပါဝါပိုက်နဲ့ ဆက်ထားရပါတယ်။ ယင်းပိုက် ကို မောင်းဖို့အတွက် မော်တော်ဘုတ် မှာ မြင်း
အကောင်ရေ ၁၀၀ အားရှိတဲ့ အင်ဂျင်နဲ့ ဆက်သွယ် ထား ရပါသေး တယ်။ ပြင်းထန်တဲ့ လေအရှိန် နဲ့ ရေအရှိန်ကြောင့် ရေထဲကိုလည်း ထိုးဆင်းနိုင်ပြီး
ရေပေါ်ကိုလည်း ပေါ ၃၀ အမြင့်အထိ ခုန်တက်နိုင်ပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ပြီဆိုရင် လေပေါ် မှာတောင် အကြာကြီး နေနိုင် ပါသေးတယ်။

Lev R200 jet pack ထက်အများကြီး သာတက် ဂျက်အင်ဂျင်သုံး Flyboard ဖြစ်ပါတယ်။ Flyboard တစ်ခုဟာ ကာလတန်ဖိုးအားဖြင့် ယူရိုငွေ ၅ ထောင်မှ ၈ ထောင်ကြား တန်ဖိုးရှိနိုင်ကြောင်း သိရပါတယ်။___Ref: techblog

0 မှတ်ချက်များ for "မိုးပေါ်ပျံလှေ Flyboard "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++