Pages

April 22, 2014

Facebook တွင် ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံများကို ဖော်ပြခဲ့သူ အခင်ဆုံးသူငယ်ချင်းအား ဓားဖြင့် ၆၅ ကြိမ် ထိုးသတ်မှု

မက္ကဆီကို နိုင်ငံမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသည် Facebook လူမှုရေး ၀က်ဘ်ဆိုက်တွင် ၄င်းတို့ နှစ်ဦး၏ ဓာတ်ပုံများကို ခွင့်မပြုဘဲ ဖော်ပြခဲ့သည့် အခင်ဆုံး သူငယ်ချင်းဖြစ် သူကို နာကြည်း၍ ဓားဖြင့် ၆၅ ကြိမ်တိတိ ထိုးသတ် ခဲ့ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာ တစ်စောင် တွင် ဖော်ပြခဲ့သည်ဟု သိရသည်။

အရန်ဒီအဲလိဇဘက် ဂူတာရက်ဇ် အမည်ရှိ အဆိုပါ အမျိုးသမီးငယ် သည် Facebook လူမှုရေး ၀က်ဘ်ဆိုက်တွင် ၄င်းတို့၏ အ၀တ်မပါသော ဓာတ်ပုံများကို သူငယ်ချင်း ဖြစ်သူ အေနယ်လ်ဘေ့ဇ် က ဖော်ပြခဲ့သည့် အတွက် အလွန် စိတ်ဆိုး ဒေါသထွက် ကာ
အေနယ်လ် အား သတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။

သို့သော် ဂူတာရက်ဇ် ၏ ခြိမ်းခြောက်မှု ကို အေနယ်လ် က ပြက်ရယ်ပြုခဲ့ပြီး ဂူတာရက်ဇ် အား သူမနေထိုင်ရာ ဂွာမူချီမြို့ ရှိ နေအိမ်သို့ ဖိတ်ခေါ် ခဲ့သည်။ ထို့နောက်တွင် ဂူတာရက်ဇ် က အေနယ်လ် အား နာကြည်းစွာ ဓားဖြင့် ၆၅ ချက်နီးပါး ထိုးသတ် ခဲ့သည်။

ဂူတာရက်ဇ် သည် လူသတ်မှုကို ကျူးလွန် ခဲ့ပြီးနောက် သွေးစွန်းနေသော သူမ၏ အ၀တ်အစား များကို လူသတ်ရာတွင် အသုံးပြု ခဲ့သော ဓားတို့ကို ရှင်းပစ်ရန် ကြိုးပမ်းခဲ့ပြီး အခင်း ဖြစ်ပွားရာ နေရာမှ ထွက်ပြေး ခဲ့သော်လည်း သူမ၏ သူငယ်ချင်း ဖြစ်သူ အေနယ်လ် ၏ အသုဘ အခမ်းအနား ကျင်းပသည့် နေ့တွင် အာဏာပိုင် များထံ သွားရောက် အဖမ်းခံ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရှိရသည်။


 Myawady News

No comments:

Post a Comment