တနင်္ဂနွေ
စိတ်အေးချမ်းသာမည်။ မထင်မှတ်ဘဲ ငွေဝင်အဆင်ပြေမည်။ သူတစ်ပါးအပေါ် အားကိုး ၍ မရ။ အရာရာ ကိုယ်တိုင်ဆောင်ရွက်ပြီး အောင်မြင်မှုများ ဆက်တိုက်ရရှိမည်။ ဆုံးဖြတ်ထား ပြီးကိစ္စများ ဦးတည်ချက် အနည်းငယ်ပြောင်းသည်နှင့် အလုံးစုံအဆင်ပြေမည်။ ခက်ခက်ခဲခဲ ဆောင်ရွက်ရမည့် ကိစ္စများ ကို အောင်မြင်စွာ လုပ်ကိုင်နိုင်မည်။ ကိုယ့်အပေါ် ကူညီရိုင်းပင်းသူ များထက် အခွင့်ကြုံလျှင် ချောက်ချမည့်သူများ ဝန်းရံနေသည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ကောက်ညှင်းလက်ဖက်ခြောက်ဖြင့် ရေနွေးကြမ်း သောက်သုံးပါ။
~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~

တနင်္လာ
စိတ်အနှောင့်အယှက်နှင့် အတိုက်အခံများ ကြုံမည်။ မိမိအပေါ် စေတနာထားမယောင်နှင့် ဒုက္ခပေးသူတွေ့မည်။ မိမိကိုယ်တိုင်တွင် ဖြစ်စေ၊ မိသားစုတွင် ဖြစ်စေ တွက်ဆမှု မှားယွင်း၍ ငွေကြေးဆုံးရှုံးနစ်နာမှုများ ကြုံမည်။ ကာလအတန်ကြာ ကြိုးစားဆောင်ရွက်ထားသည့် ကိစ္စများ အလုံးစုံ အဆင်ပြေ ပြီးမြောက်ကာနီးတွင် သဲထဲရေသွန် ဖြစ်သည်။
>>> ယတြာ ။ ။ မွေးနေ့တွင် မြောက်အရပ်ကို မျက်နှာမူ၍ ဆန်ကြဲပက်၍ ကြက်ငှက်သတ္တဝါတို့ကို အစာကျွေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~

အင်္ဂါ
မူလဆက်ဆံနေသည့် ဝန်းကျင်မှ ခွဲထွက်၍ သီးသန့်အထီးကျန်အနေအထား ကြုံမည်။ အရာရာ အသစ်တစ်ဖန် စတင်ရခြင်း ရှိမည်။ အနာဂတ်မျှော်လင့်ချက် ကင်းမဲ့နေသယောင်မှ အဆင်ပြေခြင်းဘက် တစ်စစ ဦးတည်လာမည်။ လမ်းသစ်ထွင်ပြီး လုပ်ကိုင်ခြင်းမှ အောင်မြင်မှု များ ဖြစ်ထွန်းလာမည်။ လွန်ခဲ့သော အတိတ်ကာလမှ ချစ်သူဟောင်းနှင့် ပြန်လည်ချိတ်ဆက် မိမည်။ ဘဝတက်လမ်းများ ပြန်ပွင့်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် မိုးပြာရောင်သိုးမွေးကတ္တီပါ ဦးထုပ်တစ်ခု ဝယ်ယူသုံးစွဲပါ။
~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဟူး
အရာရာကောင်းခြင်း၊ အဆင်ပြေခြင်း ကြုံမည်။ အခွင့်အရေးသစ်များကို လက်မခံဘဲ လုပ်ငန်းဟောင်းများ ပြန်လည်ပြီးမြောက်အောင် ဆောင်ရွက်ခြင်း၊ အလျင်စလို မရှိဘဲ စနစ် တကျ သုံးသပ်ဆောင်ရွက်ခြင်းဖြင့် တိုးတက်မှု ရရှိမည်။ ကြုံတွေ့နေသည့် အတားအဆီးများ၊ အပိတ်အဆို့များ ပြန်ပွင့်မည်။ ခရီးနှင့်ပတ်သက်သောကံ ကောင်းမည်။ စိတ်လှုပ်ရှားစရာများ ဆက်တိုက်ကြုံလာမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ဆူးပါသောပန်းများ ကစ်စမီ၊ နှင်းဆီပန်းများ၊ ပန်းအိုးထိုးပါ။
~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရာဟု
စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခြင်းနှင့် ပဋိပက္ခအလုံးစုံမှ လွတ်မြောက်မည်။ အရာရာ အေး ချမ်းနေသော အနေအထားသို့ ရောက်ရှိမည်။ အလုပ်ကိစ္စ၊ ဘဝတိုးတက်မှုကိစ္စအတွက် ရည် မှန်းထားသည့်အတိုင်း ဆောင်ရွက်အဆင်ပြေမည်။ ပတ်ဝန်းကျင်သစ်အတွင်း အဆင်ပြေစွာ ဆောင်ရွက်အကျိုးပေးမည်။ အခါတိုင်းထက် ဝင်ငွေစီးပွား တိုးတက်မည်။
>>> ယတြာ ။ ။ မွေးနေ့ ညနေပိုင်းတွင် ရေပန်းခရားတစ်ခုဝယ်ပြီး သစ်ပင်တွေ ရေလောင်းခြင်း ပြုပါ။
~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြာသပတေး
မတော်တဆ ထိခိုက်မှုအန္တရာယ် ဂရုစိုက်ရမည်။ တစ်ပါးသူ ပြဿနာများ၊ ငွေကြေးကိစ္စ များကို အမုန်းခံပြီး ဝင်ရောက်ပြောဆိုရလိမ့်မည်။ ကာလရှည်ကြာ စောင့်စားနေသည့် အခွင့် အရေးများ လက်ဝယ်ရရှိမည်။ ဝယ်ယူသော ပစ္စည်းသစ်များအတွက် စိတ်ရှုပ်ရမည်။ ကိုယ့် ပစ္စည်းနှင့်ကိုယ် သူတစ်ပါး၏ အမြင်စောင်းခြင်း ခံစားရမည်။ မလိုအပ်ဘဲ စကားပြောခြင်း ရှောင်ပါ။ မောင်နှမသားချင်းကိစ္စအတွက် ဦးဆောင်တာဝန်ယူရမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် နေကာမျက်မှန်တစ်လက် ဝယ်ယူသုံးစွဲပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~

သောကြာ
စိတ်ပျံ့လွင့်လွယ်မည်။ အလိုအလျောက် စိတ်တိုဒေါသထွက်ကာ တစ်ပါးသူအပေါ် ဆန့် ကျင်ပြောဆိုလိုစိတ် ဖြစ်ပေါ်နေမည်။ အမှန်အတိုင်း ပြောဆိုမှုများကြောင့် ရန်များမည်။ ငွေရ မည့်ကိစ္စများ၊ အကျိုးရှိမည့်ကိစ္စများကို လုပ်ရန် အခွင့်အရေး ကြုံလင့်ကစား ငွေကုန်မည့်ကိစ္စ အကျိုးနည်းမည့်ကိစ္စများကို ဦးတည်လုပ်ကိုင်နေလိမ့်မည်။ မတော်တဆ ပူလောင်ထိရှခြင်း ဖြစ်တတ်သည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ကလေးကစားစရာ စစ်လေယာဉ်ရုပ်တစ်ခုဝယ်ပြီး အမြင့်တွင်တင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~

စနေ
ဖန်တီးမှုစွမ်းရည်၊ ဥာဏ်စွမ်းအားနှင့် ကံအခြေအနေ မြင့်မားမည်။ အလုပ်တိုးတက်မည်။ အမျိုးသမီးတစ်ဦး၏ ဆုံးဖြတ်ချက်ပေးမှုအပေါ် အခြေတည်၍ ရှေ့တိုးလုပ်ကိုင်သင့်သည်များ မိခင်၊ အစ်မ၊ ချစ်သူ၊ ဇနီး စသည် တို့နှင့် တိုင်ပင်၍ ရှေ့တိုးလုပ်ကိုင်ပါ။ မူလကြိုတင်စီစဉ်ထား သည့်အတိုင်း လုပ်မနေဘဲ ဤကာလ စိတ်ကူးတွင် ပေါ်လာသည့်အတိုင်း ရှေ့တိုးဆောင်ရွက်ပါ။
>>> ယတြာ ။ ။ မွေးနေ့တွင် ရွက်သင်္ဘောတစ်ခု ဓာတ်ပုံဝယ်၍ အိမ်တွင်ဆောင်ပါ။

_____ စံဇာဏီဘို
No comments:
Post a Comment