စမတ်ဖုန်းကို သော့အဖြစ်သုံးမည်
စမတ်ဖုန်းကို သော့အဖြစ် အသုံးပြုနိုင်ဖို့အတွက် ဂျာမနီမှ အိုင်တီ ကုမ္မဏီ
တစ်ခု ဖြစ်တဲ့ Secure Information Technology (SIT) မှ ဖန်တီးလိုက်ပြီ
ဖြစ်ပါတယ်။
Application တစ်ခု ဖန်တီးခြင်း ဖြစ်ပြီး ယင်း App ကို Sharekey လို့ အမည် ပေးထားပါတယ်။ NFC ဆက်သွယ်ရေး စနစ်ကို အသုံးပြုပြီး
သော့ဖွင့်လိုတဲ့ အခါ တံခါးပေါက်က သော့ခတ်ထားတဲ့ စက်နဲ့ ဖုန်းကို နီးနီးကပ် ထားပြီး ဖွင့်ရမှာ ဖြစ်ပါတယ်။

ဒီအတွက် ကြောက်စရာ
ကောင်းတာ တစ်ခုက Hacker တွေရဲ့  တိုက်ခိုက်မှု ဖြစ်ပြီး ဟက်ကာတွေ
ထိုးဖောက်လို့ မရမယ့် ဆက်သွယ်
ရေးစနစ်ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။
ဖုန်းနဲ့ ကားပါကင်ထိုး၊ ဖုန်းနဲ့ ကားစနစ်များကို ထိန်းချုပ်၊ ဖုန်းနဲ့ သွေး
ပေါင် ချိန်တိုင်း၊ ဖုန်းနဲ့ GPS ကို အသုံးပြု အစရှိသဖြင့် တစ်နေ့ထက် တစ်နေ့ လူနေမှု ဘဝထဲမှာ စမတ်ဖုန်းရဲ့  အသုံးဝင်မှု ကဏ္ဍဟာလည်း တိုးသထက် တိုးလာပါတယ်။

သော့ တစ်ချောင်း သိမ်းဆည်းထားမယ့် အစား စမတ်ဖုန်း ထဲမှာ Application တစ်ခု
install လုပ်ရုံနဲ့ အိမ် လုံခြုံရေးကို အဆင့်မြင့်ပေး မယ် ဆိုတော့ အများက
စိတ်ဝင်စားပါတယ်။
Sharekey အမည်ရ Appication ကို မကြာမီ ဖြန့်ချိနိုင်အောင် ကြိုးပမ်း လျက်ရှိကြောင်း သိရပါတယ်။___Ref: techblog

0 မှတ်ချက်များ for "စမတ်ဖုန်းကို သော့အဖြစ်သုံးမည် "