မင်္ဂလာဆောင်ပွဲ အတုလေးနဲ့ ကျေးနပ်လိုက်ရတဲ့ ဝေဒနာရှင် မိသားစုဝင်
ပုံမှာ မြင်တွေ့နေရတဲ့ သမီးနဲ့ အဖေ ကတော့ အမေရိကန်နိုင်ငံ၊ လော့အိမ် ဂျလစ် ပြည်နယ်က အသက် ၆၂ နှစ် အရွယ် Jim Metz နဲ့ အသက် ၁၁ နှစ်အရွယ် Josie လို့အမည်ရတဲ့ သမီးငယ်လေး ဖြစ်ပါတယ်။
အသက်ကြီးမှ ကလေးရတဲ့ မိသားစု မို့လို့ပါ။
ကံဆိုးချင်တော့ အဖေဖြစ်သူ Jim ကော၊ သူ့အမျိုး သမီးပါ လပိုင်းအတွင်း သေရတော့မယ် pancreatic ကင်မရာ ဝေဒနာကို ခံစား နေရပါတယ်။ ဒီတော့ အသက် ငယ်ငယ်လေးနဲ့ Josie ဟာ မိဘမဲ့ ဖြစ် လာမှာပါ။

မိဘ ဖြစ်သူဟာ သူတို့ သမီးလေးကို လက်ထက်တဲ့အခါ အဖေက လက်ဆွဲသွားပြီး သားမက်လောင်းဆီ လက်လွဲပေးတဲ့ ပီတိအချိန်ခါကို လိုချင်ပါတယ်။ သမီးဖြစ်သူဟာလည်း အဲ့လိုအခြေအနေတစ်ခုကို မျော်လင့် တာပါ။ သို့ပေမယ့် မရနိုင်တော့ပါဘူး။
ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် မသေခင် အဖေဖြစ်သူက လက်တွဲပြီး မင်္ဂလာ လျှောက်လမ်းမှာ ခေါ်ဆောင် သွားပေးတဲ့ ခံစားမှု ရရှိအောင် မင်္ဂလာဆောင် အစစ်မဟုတ်တဲ့ ခံစားမှု အသားပေးမင်္ဂလာပွဲ အတုလေး
ပြုလုပ်ပါတယ်။ ဒီအတွက် ဓာတ်ပုံ စတူဒီယို တစ်ခုရဲ့ ဝန်ဆောင်မှုနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ အိမ်ခြံ ဝိုင်းထဲမှာပဲ မင်္ဂလာဆောင် အဆင်အယင်များကို သေချာ ပြုလုပ်ပေးခဲ့ပါတယ်။
တစ်ချိန်ကျရင် မင်္ဂလာဆောင်မယ့် သမီးလေးကို ရွှေလက်တွဲလို့ မင်္ဂလာ လျှောက်လမ်းသို့ ခေါ်ဆောင်မယ့် မိရင်း ဖရင်း မရှိတော့မယ့် Jim ကို တစ်ကမ္ဘာလုံးက ကိုယ်ချင်းစာ စာနာသနားခဲ့ကြ ပါတယ်။
.
Ref: Lifefm -အောင်ခမ်း

0 မှတ်ချက်များ for "မင်္ဂလာဆောင်ပွဲ အတုလေးနဲ့ ကျေးနပ်လိုက်ရတဲ့ ဝေဒနာရှင် မိသားစုဝင်"