ဗင်နီဇွဲလားနိုင်ငံသမ္မတဟောင်း ဟူဂိုချာဗက် (ကွယ်လွန်) လက်ထက်တုံးက နိုင်ငံတော် လုံခြုံရေးနဲ့ ရဲထောက်လှမ်းရေးအကြီးအကဲတာဝန် ထမ်းဆောင်ခဲ့တဲ့ အလီရေဇာ အိုတေးဇာသည် ၁ ပတ်ကြာ ပျောက်ဆုံး ခဲ့ပြီးနောက် သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဧပြီ ၂၈ ရက်နေ့ က ပြန်လည်တွေ့ရှိ ခဲ့ပါတယ်။
အိုတေးဇာဟာ လက်ရှိကာရာကတ်မြို့တော် စည်ပင်သာယာရေးကောင်စီမှာ ဥက္ကဋ္ဌရာထူးကို
ရယူထားပြီး ဧပြီ ၂၅ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့တာလို့ ဆိုပါတယ်။
အေလီရေဇာအိုတေးဇာဟာ သေနတ်ဒဏ်ရာ ၄ ချက်နဲ့ သူ့ကားထဲမှာ သေဆုံးနေတာကို တွေ့ရှိ ခဲ့တာလို့ ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
သမ္မတမာဒူရိုက အိုတေးဇာ သေဆုံးမှုအတွက် ၀မ်းနည်းကြောင်းကို ဧပြီ ၂၈ ရက်နေ့က
လူထုတွေ့ဆုံပွဲ တခုမှာ ပြောဆိုခဲ့ပြီး အမှုကို စုံစမ်းအရေးယူမယ်လို့လည်း
ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ လူ ၄၁ ဦး သေဆုံးခဲ့တဲ့ နိုင်ငံရေးပဋိပက္ခတွေနဲ့
နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပွားနေချိန်မှာ အခုလို
ထောက်လှမ်းရေးအကြီးအကဲဟောင်း အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အိုတေးဇာသည် ၁၉၉၂ အာဏာသိမ်းပွဲမှာ သမ္မတဟူဂိုချာဗက်နဲ့အတူ ပါဝင်ခဲ့လို့ ထောင်ကျခဲ့ပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်မှုတွေကြောင့် အစိုးရကို ဒေါသထွက်နေကြပြီး သမ္မတမာဒူရို နုတ်ထွက်ပေးဖို့ ဗင်နီးဇွဲလားပြည်သူတွေက တာင်းဆိုနေကြပါတယ်။

No comments:
Post a Comment