Pages

April 4, 2014

သေနတ်သမား ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံရေး တင်းမာမှု မြင့်တက်

ဧပြီ ၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသမားတွေ လူစုနေ တဲ့နေရာ ကို သေနတ်သမားတွေက သေနတ်နဲ့ လှမ်းပစ်ခဲ့၍ ဆန္ဒပြသူတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့မှုကြောင့် နိုင်ငံရေး တင်းမာ မှုတွေ ပိုဆိုးသွားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေ ပါတယ်။ 

လနဲ့ချီ ကြာနေပြီဖြစ်တဲ့ နောက်ဆုံး နိုင်ငံရေးထိပ်တိုက်တွေ့မှုအတွင်း အခုလို ပစ်ခတ်မှုတွေ မကြာခဏ
ပေါ်ပေါက်ခဲ့ပေမယ့် ဘယ်သူ့လက်ချက်ဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။

နိုဝင်ဘာလက စခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဧပြီ ၁ ရက်နေ့အထိ သေဆုံးသူ ၂၄ ယောက် ရှိသွားပြီး ဖြစ်ပါတယ်။

သေနတ်သမားတွေက ကားပေါ်ကနေ သေနတ်တွေ အဆက်မပြတ် ပစ်ခဲ့တယ်လို့ မျက်မြင်တယောက် က ပြောပြပါတယ်။

ဆန္ဒပြ ခေါင်းဆောင်တယောက်ဖြစ်တဲ့ နီတာသွန် လမ်လူရာက ယင်းလပ်အစိုးရ ပြုတ်ကျသွားတဲ့အထိ ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

ယင်းလပ်ကို ထောက်ခံတဲ့ ရှပ်နီအုပ်စုကလည်း လာမယ့် ဧပြီ ၆ ရက်နေ့ကျရင် ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲကြီး တခု ဆင်နွှဲကြဖို့ စီစဉ်နေတဲ့အတွက် နောက်ထပ် ထိပ်တိုက် တွေ့မှုတွေ ပေါ်ပေါက်မှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဒီအတောအတွင်းမှာ ၀န်ကြီးချုပ် ယင်းလပ်ဟာ အစိုးရ စပါးဝယ်ယူရေးမှာ ခြစားမှုတွေ ရှိခဲ့တာကို သေချာ မကိုင်တွယ်ဘဲ တာဝန်လစ်ဟင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ရှေ့မှောက်မှာ ဖြေရှင်းချက် ပေးနေရပါတယ်။

ဝန်ကြီးချုပ်ဟာ လွှတ်တော်တွင်း အယုံအကြည်မရှိ အဆိုနဲ့ နောက်တကြိမ် ရင်ဆိုင်ရနိုင်ချေရှိတဲ့ အခြေအနေ မှာ ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာတော့ အစိုးရကို ထောက်ခံ တဲ့ဘက်က အများစု အနိုင်ရတယ်လို့ ကနဦး ရလဒ်တွေမှာ ပြသနေပါတယ်။

No comments:

Post a Comment