ကရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှသိမ်းပိုက်မှု ဖြစ်ပွားပြီး
နောက်ပိုင်း အမေရိကန်က နေတိုး မဟာမိတ်တွေကို စစ်အင်အား ဖြည့်တင်း ပေးတဲ့ အနေနဲ့ ဥရောပ အရှေ့ပိုင်းမှာ တပ်စွဲထားဖို့ တပ်သား ၆ဝဝ ပါတဲ့ ပထမဆုံး အမေရိကန်တပ်ဖွဲ့ ပိုလန်နိုင်ငံကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။
ပိုလန်တပ်တွေနဲ့ အတူ ပူးတွဲ စစ်ရေးလေ့ကျင်ဖို့ တပ်သား ၁၅ဝ ကို တလတာဝန်ချထား ပေးမှာ ဖြစ်ပါ တယ်။ နောက်ပိုင်း မှာတော့ ထပ်ရောက် လာတဲ့ တပ်တွေနဲ့ တာဝန် လွှပးမှာပါ။
ကျန်တဲ့တပ်သား ၄၅ဝ ကိုတော့ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စတိုးနီးယားဆိုတဲ့ ဘောလ်တစ် ကမ်းခြေ ၃ နိုင်ငံကို စေလွှတ်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပိုလန်နဲ့ ဘောလ်တစ်နိုင်ငံတွေမှာလည်း ရုရှစကား ပြောသူ ပမာဏက တော်တော်များ တာမို့ ယူကရိန်းလို ဖြစ်ရပ်တွေ ပေါ်ပေါက်လာမှာကို ပူပန် နေကြပါတယ်။
ယူကရိန်းအရှေ့ပိုင်းခွဲထွက်မယ့် အန္တရာယ် တကယ်ရှိတယ်လို့ ပိုလန်ဝန်ကြီးချုပ် Donald Tusk က ပြောဆို ပါတယ်။

No comments:
Post a Comment