Pages

April 9, 2014

ကက်သလစ်ဝတ္တရား လွန်ဆန်ပြီး သားဆက်ခြားဥပဒေကို ဖိလစ်ပိုင်အတည်ပြု

သားဆက်ခြား ဥပဒေ တစ်ရပ်ကို ဖိလစ်ပိုင် တရားရုံး ချုပ်က ကက်သလစ် ဘုရားကျောင်းတော်ရဲ့ ဆန္ဒကို လွန်ဆန်ပြီး ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေအရ အစိုးရဟာ ကျန်းမာရေး ဌာနတွေမှာ သားဆက်ခြား အထောက်အကူ ပစ္စည်းတွေနဲ့ ဆေး ဝါးတွေ အခမဲ့ ဖြန့်ဝေ ပေးရတော့မှာ ဖြစ်ပါတယ်။

ဒီဥပဒေကို ၂၀၁၂ နှစ်ကုန်ပိုင်း ကတည်းက ပြဌာန်းခဲ့တာ ဖြစ်ပေမယ့် ကတ်သလစ် ကျောင်းတော်က ကန့်ကွက်တဲ့အတွက် အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေရတာပါ။

ကက်သလစ် ဘာသာဝင် ၈၀ ရာခိုင်နှုန်း ရှိတဲ့ ဖိလစ်ပိုင်မှာ အစိုးရ အကြီးအကဲ သမ္မတ အကွီနိုအနေနဲ့ ဒီဥပဒေ ဒီအဆင့်ထိ ရောက်လာဖို့အတွက် ဘုရားကျောင်းက ဖိအားပေးတာကို လပေါင်းများစွာ ခံခဲ့ ရပါတယ်။___ဘီဘီစီ

No comments:

Post a Comment