Pages

April 10, 2014

၁၄ နှစ်မြောက် ကယန်းအမျိုးသားနေ့

၁၄ နှစ်မြောက် ကယန်းအမျိုးသားနေ့ကို ဒီမောဆို မြို့နယ် ဒေါငံခါးမှာ ဧပြီလ ၁၀ ရက် မနက် ၇ နာရီ
လောက်မှာ စတင်ကျင်းပနေပါပြီ။

အစီအစဉ်ကတော့ နံနက် (၆) နာရီ - ကယန်း အမျိုး သားအလံတော် အလံတင်ခြင်း၊ နံနက်(၆) နာရီ မှ (၇) နာရီ - ကယန်းကန်ခွမ် အကဖြင့် အမျိုးသား အလံကို ဝိုင်းပတ်ခြင်း၊ နံနက် (၇) နာရီ - အခမ်း အနား မိန့်ခွန်းအစီအစဉ်များနှင့် ညတွင်လည်း
ဖျော်ဖြေရေးအစီအစဉ်များ ရှိပါတယ်။

 ၁၄ နှစ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားမှာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကယန်းလူမျိုးလူများ အင်တိုက်အားတိုက် ပါဝင်တက်ရောက်ကြပြီး ကရင် ရှမ်း မွန် ရခိုင် ပြည်နယ်တွေက တိုင်းရင်းသား ပြည် သူများ၊ နိုငံရေးအင်အားစုတွေနဲ့ လက်နက်ကိုင် အင်အားစုတွေ တက်ရောက် ကြပါတယ်။

ကယန်းလူမျိုးနွယ်စုတွေဖြစ်တဲ့ ကယန်းလ၀ီ၊ ကယန်းကငံ (ခေါ်)ယင်းဘော်၊ ကယန်းလာထ (ခေါ်) ဇယိမ်း၊ ကယန်းဂေခို  ကယန်းအမျိုးသားတို့က တစ်ခုတည်းသော စာပေနဲ့ တစ်ခုတည်းသောအလံတို့ကို တညီတညွတ်ထဲ သတ်မှတ်နိုင်ခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ကို ကယန်းအမျိုးသားနေ့ အဖြစ် သတ်မှတ် ခဲ့ပါတယ်။  

No comments:

Post a Comment