Pages

March 19, 2014

အင်တာနက်လိုင်း လွှင့်ပေးမယ့် မောင်းသူမဲ့လေယာဉ် ၀ယ်ယူဖို့ Facebook ကြိုးပမ်း

ကမ္ဘာမှာ အင်တာနက်မရတဲ့ နေရာတွေမှာ အင်တာနက်သုံးနိုင်ဖို့အတွက် နယူးမက္ကစီကို အခြေစိုက် အင်တာနက်လိုင်း လွှင့်ပေးနိုင် တဲ့ မောင်းသူမဲ့လေယာဉ် ထုတ်ကုမ္ပဏီ (Titan Aerospace) ကို ၀ယ်ဖို့ Facebook က အသေးစိတ်
ဆွေးနွေးနေတယလို့ သိရှိရပါတယ်။ 

Titan Aerospace က ထုတ်လုပ်မယ့် မောင်းသူမဲ့
လေယာဉ်တွေဟာ နေရောင်ခြည်စွမ်းအင် သုံးဖြစ်ပြီး မြေပြင် အထက် ၁၂မိုင် အမြင့်မှာ ၅နှစ်ကြာ ဆက်တိုက် ပျံသန်းနေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

 လောလောဆယ်တော့ မပြီးစီးသေးပါဘူး။ အင်တာနက်မရတဲ့ ဒေသတွေရဲ့ ကောင်းကင်မှာ ပျံသန်း ခိုင်း ထားပြီး အင်တာနက်လိုင်း ထုတ်လွှင့်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကို အသေးစိတ် ဆွေးနွေးပွဲနဲ့ အကျွမ်းတ၀င်ရှိတဲ့ အမည်မဖော်လို သူတစ်ဦးက ပြောပြ ခဲ့တာပါ။ 

မှတ်ချက်တစ်စုံတစ်ရာ ပေးဖို့ Titan Aerospace က ပြောရေးဆိုခွင့်ရှိသူကို တောင်းဆိုခဲ့ရာမှာတော့ ဘာမျှ တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

ဒီ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်း အရောင်းအ၀ယ်ဟာ ကန်ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိတယ် လို့ သိရပါတယ်။___Ref:usa.today.com

No comments:

Post a Comment