Pages

March 15, 2014

တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ အကျဉ်းထောင်ထဲမှာ သေဆုံး

အကျဉ်းကျနေတဲ့ ထင်ရှားတဲ့ တရုတ်လူ့အခွင့်ရေး လှုပ်ရှားသူ Cao Shunli ဟာ အပြင်းဖျားပြီး သေဆုံး သွားပါတယ်။ 

သူမဟာ ထောင်ထဲမှာ ဆေးကုသခွင့် မရခဲ့ပါဘူး။ မကြာသေးခင်ကမှ ထောင်အာဏာပိုင်တွေက သူမကို ဘေဂျင်းဆေးရုံကို ပြောင်းရွှေ့ ကုသခွင့်ပြု ခဲ့ပေမယ့် ဆေးရုံမှာ သေဆုံးသွားတာပါ။
အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ချောင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ဖမ်းဆီးသွား တာကို နောက်ဆုံး တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်က သူမဟာ လူ့အခွင့်အရေး သင်တန်းတခုတက်ဖို့ ဂျနီဗာကို သွားနိုင်အောင် လုပ်နေချိန်ဖြစ်ပါတယ်။

ဘေဂျင်းအကျဉ်းထောင်ထဲမှာ ဆေးကုသမပေးတဲ့အတွက် သူမရဲ့ ကျန်းမာရေး အခြေနေဟာ တနေ့တခြား ဆိုးဝါးလာတာဖြစ်ပါတယ်။ သူမသေဆုံးမှု အတွက် Amnesty International နဲ့ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးတွေက တရုတ်အစိုးရကို ပြင်းပြင်း ထန်ထန် ရှုံ့ချပြစ်တင်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကတော့ ချောင် ဟာ ဥပဒေချိုးဖေါက်မှုတွေနဲ့ ရာဇဝတ်ပစ်မှုတွေ ကျူးလွန်ထားမယ်လို့ သံသယ ရှိကြောင်း မကြာသေးခင်ကပဲ ပြောပါတယ်။ 

ဒါ့အပြင် သူမရဲ့ အမှုဟာ တရုတ်နိုင်ငံက လူ့အခွင့်ရေး အခြေအနေနဲ့ ဘာမှမဆိုင်ဘူးလို့လည်း ပြောပါတယ်။

No comments:

Post a Comment