ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးသိန်းဇော်နဲ့ အဖွဲ့ဝင်တွေဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု အဖွဲ့နဲ့ ၀ ပြည်သွေး စည်း ညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) တို့ကို တွေ့ဆုံဖို့ရှိနေ ပါတယ်။
အစကတော့ မတ်လ ၂၀ ရက်နေ့ ၀ ဒေသကို
ရောက်လာမယ်လို့ ပြောထားပေမယ့် မလာဖြစ်ဘဲ မတ်လ ၂၂ ရက်နေ့မှ ရောက်လာမှာဖြစ်ကြောင်း၊ ၀ ဒေသကို မလာခင် ၂၁ ရက်နေ့ မိုင်းလားကို အရင်သွားမယ်လို့ သိရကြောင်း အမည်မဖော်လိုတဲ့ ယူဒဗလျူအက်စ်အေ တပ်မှူးတဦးက ဒီဗွီဘီကို ပြောပါတယ်။

အခုခရီးစဉ်ဟာ တပြည်လုံးအပစ်ခတ်ရပ်လက်မှတ်ရေးထိုးရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမယ်လို့ ယူဆရပြီး တွေ့ဆုံရက် ရွှေ့ဆိုင်းရတဲ့အကြောင်းရင်းတော့ မသိရဘူးလို့ အဆိုပါ တပ်မှူးက ဆက်ပြော ပါတယ်။
ဒီနှစ်ဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပထမဆုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးကြတဲ့ အဖွဲ့တွေဖြစ်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လိုင်ဇာညီလာခံနဲ့ လောခီး လာညီလာခံ နှစ်ခုစလုံးကို ကိုယ်စားလှယ် စေလွှတ်ခြင်း မရှိကြပါဘူး။
ဒီကွန်ဖရင့်တွေရဲ့ တပြည်လုံး အပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ဟာ ပြီးခဲ့တဲ့ မတ်လဆန်းက ရန်ကုန်မှာ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး တပြည်လုံး အပစ်ရပ်ရေး သဘောတူစာချုပ်ကို ကိုယ်စားလှယ် ၉ ဦးစီနဲ့ အတူပူးတွဲရေးဆွဲဖို့ သဘောထူထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ စစ်သည်အင်အားအများဆုံးဖြစ်တဲ့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့ဟာ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိပေမယ့် သီးခြားပြည်နယ်တခု ဖြစ်ဖို့ အစဉ်တစိုက် တောင်းဆိုနေပါတယ်။
မိုင်းလားဒေသမှာလည်း အထူးဒေသ ၄ အဖြစ်ကနေ အခါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် အစိုးရကို
တောင်းဆိုသွားမယ်လို့ မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးဆန်းပေက ပြောကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနမှာ ဖော်ပြသွားပါတယ်။___ဒီဗွီဘီ
တောင်းဆိုသွားမယ်လို့ မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးဆန်းပေက ပြောကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနမှာ ဖော်ပြသွားပါတယ်။___ဒီဗွီဘီ

No comments:
Post a Comment