နိုင်ငံတကာကို သွားလာခွင့်ရှိတဲ့ အနီရောင်နိုင်ငံကူး လက်မှတ် စတင်ထုတ်ပေးနေပြီ
ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူးလက်မှတ်နဲ့ အလုပ် လုပ်နေတဲ့
မြန်မာအလုပ်သမားတွေထဲက ၄ နှစ် သက်တမ်း ပြည့်သွားတဲ့ သူတွေကို ပုံမှန် နိုင်ငံကူး လက်မှတ်တွေ စတင်ထုတ်ပေးနေပြီ
ဖြစ်ပါတယ်။
မြန်မာအလုပ်သမားတွေထဲက ၄ နှစ် သက်တမ်း ပြည့်သွားတဲ့ သူတွေကို ပုံမှန် နိုင်ငံကူး လက်မှတ်တွေ စတင်ထုတ်ပေးနေပြီ
ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူး လက်မှတ်နဲ့ အလုပ် လုပ်နေတဲ့
မြန်မာအလုပ်သမား ၁၇ သိန်းကျော်ရှိတဲ့အထဲက အလုပ်လုပ် ခွင့် ၄ နှစ်သက်တမ်း ပြည့်သွားတဲ့ အလုပ်သမားတွေကို လက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ် ခရမ်းရောင် အစား နိုင်ငံတကာကို သွားလာခွင့်ရှိတဲ့ ပုံမှန် နိုင်ငံကူး လက် မှတ်စာအုပ် အနီတွေကို စတင်ထုတ်ပေးနေတာ ဖြစ်ပါတယ်။
မြန်မာအလုပ်သမား ၁၇ သိန်းကျော်ရှိတဲ့အထဲက အလုပ်လုပ် ခွင့် ၄ နှစ်သက်တမ်း ပြည့်သွားတဲ့ အလုပ်သမားတွေကို လက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ် ခရမ်းရောင် အစား နိုင်ငံတကာကို သွားလာခွင့်ရှိတဲ့ ပုံမှန် နိုင်ငံကူး လက် မှတ်စာအုပ် အနီတွေကို စတင်ထုတ်ပေးနေတာ ဖြစ်ပါတယ်။
မြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံက ၄ နှစ်ထက်မကျော်တဲ့ အလုပ်လုပ်ခွင့်ကိုသာ ပေးတာဖြစ်ပါတယ်။ ၄ နှစ်သက်တမ်း ပြည့်သွား တဲ့ မြန်မာအလုပ်သမားတိုင်းဟာ မြန်မာနိုင်ငံဘက်ကို နေ့ချင်းပြန်ဖြစ်စေ တစ်ခေါက် ပြန်ကြရပြီး ထိုင်းက ထွက်သွားတဲ့ သူတွေကိုမှ ဗီဇာအသစ်နဲ့ အလုပ်လုပ်ခွင့် လက်မှတ် အသစ်တွေ ထုတ်ပေးမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ် ခီးယန်းဖွန်က ဘီဘီစီကို ပြောပါတယ်။
နိုင်ငံကူး လက်မှတ်တွေကို အုပ်စု ၃ စု ခွဲကာ ထုတ်ပေးနေပြီး ပထမအုပ်စုအနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း အပြည့်အစုံ ရှိတဲ့သူတွေကို ဘန်ကောက်က မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှာ ဖြစ်ပါတယ်။
ဒုတိယအုပ်စုအနေနဲ့ မှတ်ပုံတင် မရှိတဲ့သူတွေကတော့ မြန်မာနိုင်ငံကို ပြန်ပြီး မှတ်ပုံတင် ပြန်လုပ်ရမှာ
ဖြစ်ပြီး နောက်မှ ပုံမှန်နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။
တတိယ အုပ်စုက ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်း ၂နှစ်ကျော် ကျန်နေသေးတဲ့ သူတွေအတွက် ရည်ရွယ်တာဖြစ်ပြီး သူတို့အနေနဲ့ ဆက်လက်အလုပ်လုပ်ချင်လုပ်နိုင်ပြီး၊ ဆက်လက် အလုပ်မလုပ်ဘဲ ပုံမှန် နိုင်ငံကူးလက်မှတ်ကို ပြောင်းလဲ ကိုင်ဆောင်ချင်ရင်လည်း ပြောင်းလဲလို့ ရတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းမြို့တွေမှာ ပူးတွဲ ရုံးတွေ ဖွင့်လှစ် ဆောင်ရွက်ပေးနေပြီး ဘန်ကောက်က မြန်မာသံရုံးမှာလည်း နိုင်ငံကူးလက်မှတ်တွေ စတင် ထုတ်ပေးနေပြီလို့ အလုပ်သမား-အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
နိုင်ငံကူးလက်မှတ်ဖိုးနဲ့ ဝန်ဆောင်ခပါ အပါအဝင် ဘတ်ငွေ ၁၆ဝဝ ကုန်ကျမှာ ဖြစ်ပြီး ထိုင်းဘက်မှာတော့ ဗီဇာကြေး၊ အလုပ်လုပ်ခွင့် လက်မှတ်နဲ့ ဆေးကုသခွင့်တွေအတွက်ပါ ဆိုရင် ဘတ်ငွေ ၇ ထောင်ကျော် ကုန်ကျမှာ ဖြစ်တယ်လို့ ဆိုပါတယ်။____ဘီဘီစီ

0 မှတ်ချက်များ for "နိုင်ငံတကာကို သွားလာခွင့်ရှိတဲ့ အနီရောင်နိုင်ငံကူး လက်မှတ် စတင်ထုတ်ပေးနေပြီ"