Pages

March 19, 2014

နာမည်ကြီးလို၍ အယ်ကိုင်ဒါအဖွဲ့ထဲ ၀င်ဖို့ ဆုံးဖြတ်တဲ့ အမေရိကန်ကျောင်းသား ဖမ်းဆီးခံရ

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် က ကောလိပ်ကျောင်း သားတဦးဟာ အယ်ကိုင်ဒါ တပ်ဖွဲ့တဖွဲ့ကို ပူးပေါင်းဖို့ ထွက်လာစဉ် အမေရိကန်-ကနေဒါနယ်စပ်မှာ မတ် ၁၇ ရက်နေ့က အဖမ်းခံ ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာ မွေးဖွားပြီး အစ္စလာမ်ဘာသာပြောင်းထားသူ အသက် ၂၀ အရွယ် Nicholas Teausant ဟာ ကနေဒါနိုင်ငံက တဆင့် ဆီးရီးယားနိုင်ငံကို သွားရောက်ဖို့ ဖြစ်ပါတယ်။

သူဟာ တပ်မှူးတဦးအဖြစ်နဲ့ အီရတ်-ဆီးရီးယား အစ္စလာမ်မစ်နိုင် ငံတော် ထူထောင်ရေး တပ်ဖွဲ့မှာ ပါဝင်ဖို့ စီစဉ်ထားပြီး နိုင်ငံတကာ သတင်းကြီးတွေမှာ ပါဝင်ချင်တယ်လို့ ဆိုပါတယ်။

အီရတ်-ဆီးရီးယားအစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေးတပ်ဖွဲ့ ဟာ အရွယ်အစား သေးငယ်ပေမယ့် အစွမ်းထက်ပြီး နိုင်ငံခြားသားတိုက်ခိုက်ရေးတပ်သား အများအပြားကို ဆွဲဆောင်နေတဲ့ အယ်ကိုင်ဒါတပ်ဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

သမ္မတ ဘာရှားအယ်လ် အာဆက်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေပြီး ဆီးရီးယား သူပုန်အချင်းချင်း ကိုလည်း ပြန်တိုက်နေတဲ့ တပ်ဖွဲ့လည်း ဖြစ်ပါတယ်။

သူဟာ လော့အိန်ဂျလစ် မြေအောက်ရထားလိုင်းကို ခရစ်စမတ်နေ့အကြိုနေ့ ဒါမှမဟုတ် နှစ်သစ် ကူးနေ့မှာ
ဖောက်ခွဲချင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သူဟာ ပြစ်မှုထင်ရှားရင် အများဆုံးထောင်ဒဏ် ၁၅ နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ပေးဆောင် ရနိုင်ပါတယ်။

No comments:

Post a Comment