Pages

March 20, 2014

ခရိုင်းမီးယားပဋိပက္ခ စစ်ရေးဘက်သို့ ဦးတည်လာနေ၍ ယူခရိန်းက အမေရိကန်နှင့် ဗြိတိန်ကို အကူအညီတောင်း

ခရိုင်းမီးယားကို ရုရှားနိုင်ငံနဲ့ ပူးပေါင်းလိုက်ကြောင်း
ကြေညာပြီးနောက် နာရီပိုင်းလောက်အတွင်းမှာပဲ ဆင်မ် ဖရတ်ပိုလ် စစ်စခန်းမှာ ပဋိပက္ခဖြစ်ပွားပြီး ယူကရိန်း အရာရှိတယောက် သေဆုံးခဲ့ပါတယ်။

ယူကရိန်း အစိုးရ ဝန်ကြီးချုပ် အာဆန်နီ ယတ်တ် ဆန်နျုက်ကတော့ ခရိုင်းမီးယား ပဋိပက္ခဟာ လက်နက် ကိုင် ပဋိပက္ခဖြစ်သွားပြီလို့ ဆိုလိုက်ပြီး အမေရိကန်နဲ့
ဗြိတိန်တို့က ယူကရိန်းကို အကူအညီပေးကြေဖို့ တောင်းခံလိုက်ပါတယ်။

ရုရှားစစ်တပ်ရဲ့ ပြုမူပုံကြောင့် ယူကရိန်းပြသနာဟာ နိုင်ငံရေး ပြဿနာ အဆင့်ကနေ လက်နက်ကိုင် ပဋိပက္ခဖြစ်သွားပြီဖြစ်ကြောင်း၊ ယူကရိန်း စစ်သားတွေ ဒဏ်ရာရထားကြတယ်လို့လည်း သတင်းရ ထားကြောင်း ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးကိုလည်း ရုရှား ကာကွယ်ရေးဝန်ကြီးနဲ့ ဆက်သွယ် စကားပြောဖို့ အမိန့်ပေးထား သလို ယူကရိန်းမပြိုကွဲရေးကို အာမခံထား ကြတဲ့ ဗြိတိန်နဲ့ အမရိကန် ကာကွယ်ရေးဝန်ကြီးတွေကိုလည်း ဆက်သွယ် အကူအညီတောင်းထားကြောင်း ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကလည်း ပြင်းထန်တဲ့ မိန့်ခွန်းတရပ်ကို ဒီနေ့ ပြောကြားခဲ့ပါတယ်။

ခရိုင်းမီးယားဒေသဟာ ယူကရိန်းအတွက် သိပ်အရေးကြီးတယ်ဆိုတဲ့ အချက်ကိုလည်း ဗလာဒီမီယာ ပူတင်က အလေးအနက် ပြောဆိုသွားခဲ့ပါတယ်။

အနောက်အင်အားကြီး နိုင်ငံတွေကတော့ ပင်လယ်နက် ကျွန်းဆွယ်ဒေသနဲ့ ရုရှားပူးပေါင်းတဲ့ သဘောတူ စာချုပ်ကို ကျုးကျော်မှု တရပ်အဖြစ် ရှုတ်ချလိုက်ပါတယ်။

ဂျီ ၇ နဲ့ အီးယူဥရောပသမဂ္ဂနိုင်ငံတွေရဲ့ အရေးပေါ်အစည်းအဝေးကိုလည်း နောက်တပတ်မှာ သည်ဟိတ်ဂ်မြို့မှာ ပြုလုပ်ဖို့ ခေါ်ယူထားပါတယ်။

No comments:

Post a Comment