Pages

March 21, 2013

မတ္ထီလာ ကဓိကရုန်းဖြစ်၍ ၁၀တန်းကျောင်း သား စာမေးပွဲ ဆက်မဖြေရဲ

မိတ္ထီလာ ရွှေဆိုင်မှ စကားများရန်ဖြစ်ရာကနေ ဗမာ-မူစလင် ကဓိကရုန်းမှ ဖြစ်ပွားခဲ့ပြီး ရပ်ကွက်ရှိ နေအိမ်များအပါအ၀င် အစိုးရရုံး၊ အာရှစိမ်းလန်းဖွံ့ ဖြိုးရေးဘဏ်ခွဲ မီးစွဲလောင်ခဲ့တယ်လို့  သိရပါတယ်။

ဝန်ဇင်းရပ်ကွက်မှာဆိုရင် ဓားခုတ်မှုတွေ အပြန်အလှန် ဖြစ်ပွားနေ တာ တရုတ်သိုင်းကားထဲက လိုပဲတချွမ်ချွမ်နဲ့လို့  ၀န်ဇင်းရပ်ကွက် က တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောပါတယ်။

မြို့ရဲ့ နေရာအတော်များမှာ မီးလောင်နေတယ်။ မီးခိုးတွေတက် လာတာ နေရာအနှံ့ပဲလို့  သူကဆက်ပြောပါတယ်။

သေဆုံးသူ ငါးဦးခန့် ရှိပြီး ဆေးရုံမှာတက်နေရတာ ထိခိုက်ဒဏ်ရာ ရတဲ့ ရဲတပ်ဖွဲ့  အပါအ၀င် ၂၅ ဦးရှိတယ်လို့ မိတ္ထီလာ ဆေးရုံကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ သံဃာတော်တပါးနဲ့ လူပုဂ္ဂိုလ်တဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ လေးဦး ရှိတယ်လို့ ပြောပါတယ်။

အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး သေသူအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရ တယ်လို့ ဆိုပါတယ်။

ဆယ်တန်းစာမေးပွဲဖြေနေတဲ့ ကျောင်းသားတွေဟာ ကဓိကရုန်းမှ ဖြစ်ပွားနေတဲ့အတွက် စာမေးပွဲဆက် မဖြေဆိုနိုင်ဘူးလို့လည်း သိရပါတယ်။

ပဋိပက္ခများကို ပြေငြိမ်းရန် ရွှေည၀ါဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကျောင်း သားခေါင်းဆောင်များက ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့အတွင်း ကားများဖြင့် လှည့်လည်ပြီး အသံချဲ့ စက်များမှတစ်ဆင့် မြို့ခံပြည်သူလူထုကို ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် မေတ္တာရပ်ခံ၍ လှည့် လည်တရားဟောနေကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မိတ္ထီလာမှာ လိုအပ်ရင်း လုံခြုံရေး တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့  သက် ဆိုင်ရာ အာဏာပိုင်တွေကို မိန့် ကြားထားသလို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲ ကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

တ္ထီလာပြဋိပက္ခဖြစ်စဉ်စုံစမ်းရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အမိန့်အမှတ် (၁၉/၂၀၁၃)ကို မတ်လ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment